Chapter 76 (U&Z)

325 39 0
                                    

Unicode

အခန်း(၇၆) စလိုက်တွေက ပြောင်းသွားတယ်

အချိန်သုံးမိနစ်လေးအတွင်းမှာ ရမ်ချင်ချင်သည် အလုပ်ပြီးသွားခဲ့ပြီး သူမက တန်းခွဲ(၁)ကို သွားပေါင်းဖို့ ပြန်ပြေးသွားခဲ့သည်။ ကျောင်းအုပ်ကြီးက သူ၏မိန့်ခွန်းကို အဆုံးသတ်တော့မည့်ဆဲဆဲ။

"ကျောင်းသား,ကျောင်းသူတို့, ယခုဆိုရင် အထက် တန်းကျောင်းရဲ့နောက်ဆုံးနှစ်ကို ရောက်လာခဲ့ကြပြီ.... အခက်ခဲဆုံးပညာသင်နှစ်ဆိုလည်း မမှားပါဘူး.. ဆရာကြီး အနေနဲ့ မင်းတို့ တတိယနှစ်ကျောင်းသား,ကျောင်းသူတွေ အားလုံး... မင်းတို့တွေရဲ့ခြေလှမ်းသစ်တွေ စတင်နိုင်ဖို့, မင်းတို့တွေရဲ့ အိမ်မက်တွေဆီ လျှောက်လှမ်းနိုင်ဖို့... နောက်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ထူးချွန် ပြောင်မြောက်တဲ့အမှတ်တွေ ရကြဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ချင်ပါတယ်..."

လက်ခုပ်သံ သောင်းသောင်းဖြဖြ ညံသွားခဲ့၏။

ဖုကျောင်းအုပ်သည် တည်ကြည်ခံညားနေခဲ့၏။

"အခုပဲ ကျောင်းသား,ကျောင်းသူတို့.. မင်းတို့ရဲ့ကတိ တွေကိုလက်မှတ်ထိုးထားဖို့ မင်းတို့ရဲ့သက်ဆိုင်ရာအတန်း ဆီ အောင်မြင်မှုပေါင်းမိုးခုံကို ဖြတ်လို့ မင်းတို့မိဘတွေကို ခေါ်သွားပေးလိုက်ပါ"

ကုယင်သည် ရမ်ချင်ချင်ကို တစ်ချက်ကြည့်လိုက်၏။ ခေါင်းကို အောက်ငုံ့ပြီး သူမဟာ ပြုံးနေခဲ့သည်။

*** *** ***

လုချန်ကျိုးသည် ကျောင်းသားတွေက သူတို့မိဘတွေ ရဲ့လက်မောင်းကို ကိုင်ထားကာ ပေါင်းမိုးအခုံးကို ဖြတ် လျှောက်သွားကြတာကို လိုက်ကြည့်နေ၏။ သူ့ရဲ့မျက်ခုံး တို့က ပင့်တက်သွားကာ ကုမောင်ကို လက်ညှိုးထိုးပြ သည်။

ထိုမိန်းကလေးက မော့ကြည့်လာ၏။ သူမ၏မျက်ဝန်း တို့က စိတ်လွှင့်နေဟန် အသက်မဲ့နေဟန် ပေါ်နေခဲ့သည်။ နောက်တစ်ဖန် သူမက စိတ်ဝင်စားစရာ ဘာတစ်ခုကိုမှ မတွေ့လိုက်ရသည်အလား အောက်ပြန်ငုံ့သွားသည်။ သူမ ရဲ့ကျောင်းယူနီဖောင်းဇစ်ဆွဲကို ဖွင့်ထား၏။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now