Chapter 6 (Uni&Zawgyi)

1.3K 197 4
                                    

Unicode

အခန်း(၆) လေလံဈေးက တဟုန်ထိုးပဲ

ကုမောင်သည် ဆိုဖာကိုပဲ မှီချလိုက်ပြီး ဂိမ်းဆော့လို့ နေလေသည်။

သူမခြေထောက်တွေကို ချိတ်ထိုင်ထားသည့်အတိုင်း ခေါင်းကလည်း စောင်းနေ၏။ ထိုဆရာကြီးရဲ့ပုံက အရမ်း ပျင်းတွဲလို့နေပေသည်။

မသိလျှင်တော့ အကြည့်တစ်ချက်မှာတင် သူမဟာ လှည့်စားရလွယ်ခပ်ထုံထုံမိန်းကလေးမျိုးပဲ။ ဆိုတော့ကာ ဒီအဆိုးအပေမလေးက ကမ္ဘာနံပါတ်တစ်ဟက်ကာပါလို့ ဘယ်သူကများ ယုံတော့လိမ့်မတုန်း။

ဟက်ကာလောကရဲ့ သရဖူမဆောင်းထားတဲ့ King ကြီး ....။

သူမကို ကြည့်ရင်း လင်ရွှမ်းရဲ့ မျက်ဝန်းတွေက မနာလို မှုကြောင့် အရောင်တောက်လာသည်။

၁၇နှစ်ပဲ ရှိသေးပေမယ့် သူမရဲ့ဆေးပညာစွမ်းရည်က လည်း လက်ဖျားခါလောက်၏... သူမ၏ဉီးနှောက်ထက်မှုက တော့....။

ပြီးတော့ အဲ့ကလေး ကုစစ်, အသက်လေးက ၇နှစ်သာ ရှိ သေးပေမယ့် သူ့အစ်မ ဟက်ကာကင်းကြီးရဲ့ လက်တော့ကို ခြေရာတစ်စက်မချန်ဘဲ ဟက်နိုင်သည်။

ဒီမောင်နှမနှစ်ယောက်ရဲ့ ဉီးနှောက်တွေက ဘယ်လို တောင်လားပဲ....?

"နောက်တစ်ခုကတော့ ဒီညလေလံပွဲရဲ့ နောက်ဆုံး ပစ္စည်း, မျန်ယွိပါပဲခင်ဗျာ".. လေလံပွဲတင်ဆက်သူရဲ့အသံက ဘားတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ကုမောင်သည် ခေါင်းကိုမော့လိုက်ရင်း ဂိမ်းဇာတ် ကောင်ကတော့ မြစ်ထဲခုန်ချကာ သူ့ကိုယ်သူ ရေနှစ်ပစ်ခဲ့၏။ ပြီးပြီ... Game Over!

သူမက ဖုန်းကိုချ၍ MCယူလာတဲ့ကျောက်စိမ်းကိုပဲ စိုက်ကြည့်နေကာ သူမ၏မှောက်မိုက်အေးစက်သည့် မျက် ဝန်းများက ကျဉ်းမြောင်းလို့သွားသည်။

တင်ဆက်သူက တစ်ချက် ပြုံးကာ

" ဒီကျောက်စိမ်းအကြောင်းကို လူတိုင်း ကြားပြီးကြပြီလို့ ကျွန်တော်ယုံပါတယ်.. ဒါ့ကြောင့် ကျွန်တော်အများကြီး မပြောတော့ဘူးဗျ...ဒီလေလံပွဲရဲ့ နောက်ဆုံးပစ္စည်း, မျန်ယွိ, ခေါ်ဈေး...... 1 မီလီယမ်"

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now