Chapter 65+66+67+68(Unicode)

554 68 0
                                    

အခန်း(၆၅) အဲ့လူ အခြေအနေဘယ်လိုရှိလဲ?

ထိုစဉ်မှာပင် အလုပ်ခန်းတံခါးသည် ပွင့်လာခဲ့၏။

"ကုမောင်"

ထိုအမျိုးသားရဲ့အသံသည် ကြည်ရှင်းပြီး ညို့ဓာတ်ပါ သည်။ သူ့ရဲ့အသံထွက်ရွတ်ဖတ်မှုမှာ ချွင်းချက်မရှိ ရှင်းလင်းလှပေသည်။ ဒါသည် အလုပ်ကြောင့်ဖြစ်သော ရောဂါတစ်ခုပင်ဖြစ်မည်။

ကုမောင် ခေါင်းလှည့်ကြည့်လိုက်သည်။

ကျောင်ရှန့်ယွမ်သည် အမျိုးသမီးလက်ထောက်ဖြစ်သူ က သူ့နောက်မှလိုက်လာခဲ့စဉ် အရှေ့သို့ လျှောက်လှမ်း လာခဲ့၏။ အမျိုးသမီးလက်ထောက်ဖြစ်သူက ကော်ဖီတစ် ခွက်နှင့် ရှောက်ချိုသီးဖျော်ရည်တစ်ခွက်ကို ကော်ဖီစားပွဲ ပေါ် တင်ထားပေးခဲ့သည်။

ကျောင်ရှန့်ယွမ်သည် သူ့လက်ထဲကစာဖိုင်တွေကို စားပွဲပေါ်သို့တင်ကာ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လာခဲ့ ပြီး သူမနဲ့မျက်နှာချင်းဆိုင်မှာ လာထိုင်သည်။

"မင်း ဘာတွေလုပ်နေလဲ? ငါ့ကိုတောင် အကြောင်း မကြားဘဲ မြို့တော်ကိုလာခဲ့တယ်ဆိုတော့ .. ဒါက surprise visit များလား?"

သူ့အသံနေအသံထားက ရင်းနှီးကျွမ်းဝင်ခြင်းအငွေ့ အသက်တစ်ခုကို ပေးစွမ်းနေသည်။

ကုမောင်က ရှောက်ချိုသီးဖျော်ရည်ကို‌သောက်ရင်း စိတ်မပါတပါနှင့် ပြောလေသည်။

"ကျင်ယန်ကြောင့်"

ကျောင်ရှန့်ယွမ်၏အမူအရာက တင်းမာသွားသည်။

"ကျင်ယန်က ဘာဖြစ်လို့လဲ?"

ကုမောင်ရဲ့မျက်ခွံတို့သည် ပွင့်လှပ်လာသည်နှင့် သူမ သူ့ကို အေးစက်နေသော ရေအိုင်တစ်ခုအလား စူးရှသော အနက်‌ရောင်မျက်ဝန်းတို့ဖြင့် စိုက်ကြည့်လာသည်။

"ကျင်ယန်ကို ထိခိုက်စေခဲ့တဲ့လူက မကြာခင် လွတ် လာတော့မယ်.. ကိုယ်ခင်ဗျားကို နောက်တစ်ကြိမ် အယူခံ ဝင်ပေးစေချင်တယ်"

ထိုအခါမှ ကျောင်ရှန့်ယွမ်ခမျာ သူ့နှလုံးသားထဲက တင်းကျပ်နေသည့် ခံစားချက်ကြီး လျော့ပါးသွားတော့ သည်။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now