Chapter 14 (Uni & Zawgyi)

1.1K 166 6
                                    

Unicode

အခန်း(၁၄) ပထမဆုံးရိုက်ချက်

လုချန်ကျိုးရဲ့ ရေခဲအငွေ့ရိုက်မျက်ဝန်းအစုံက သူမကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီး

"ဒေါ်လေး?"

လုရော့ရွှေက လုမိသားစု၏အငယ်ဆုံးသမီး။

ထိုအမျိုးသမီးရဲ့ဖီးနစ်မျက်ဝန်းများက လုရှန့်ကျင်ကို ဖြတ်ကျော်သွားပြီးနောက် သူမက သိမ်မွေ့စွာ ပြောလာ၏။

"ချန်ကျိုး မင်းကတော့ ဝင်သွားလို့ရတယ် ... ဒါပေမယ့် မင်းနောက်က နှစ်ယောက်တော့ မပါဘူး"

ကျန်တဲ့သူတွေကတော့ မလိုမုန်းတီးစွာ လက်ပိုက်ကြည့် နေကြ၏။

ဒီမှာ လုရော့ရွှေလို ရှေ့ရောက်နေတဲ့သူတစ်ယောက်နှင့် ဆိုတော့ သူတို့မှာ တိတ်တိတ်လေးနေပြီး ဖွင့်ဟလာသည့် မြင်ကွင်းကို စောင့်ကြည့်နေရုံသာ။

လုချန်ကျိုး၏နှုတ်ခမ်းတို့ အနည်းငယ် တင်းစေ့သွားကာ အမူအရာက စိတ်အနှောက်အယှက်ဖြစ်မှုကြောင့် မသိမသာ ပြောင်းလဲသွားတော့၏။

လုရီးသည် ထိုသူ၏အမူအရာကို ကြည့်၍ ချက်ချင်း ဆိုသလိုပင် လုရော့ရွှေကို တံတောင်ဆစ်ကနေ ကိုင်ပြီး ဘေး ဘက် ဆွဲချလိုက်သည်။

ရုတ်ခြည်းဖြစ်သွားတဲ့ အခြေအနေပေါ် လုရော့ရွှေက အော်တော့၏။

"လုရီး,ရိုင်းစိုင်းလိုက်တဲ့သတ္တဝါ! အစေခံတစ်ယောက်က ငါ့ကို ဒီလိုပြုမူရဲတယ်"

လုရီးက သူမရဲ့တံတောင်ဆစ်ကို လွှတ်ပြီး သူမကို သူ့ရဲ့ မြင့်မားပြီး ကြီးမားသောကိုယ်ခန္ဓာနှင့် ပိတ်ဆို့ထားလိုက် သည်။

"ဒီဗွေယူစရာအတွက် တောင်းပန်ပါရစေ မစ်ရော့ရွှေ"

"ဖယ်စမ်း"

လုရော့ရွှေက သူကို့ စူးစူးဝါးဝါး စိုက်ကြည့်နေ၏။

လုရီးက တစ်လက်မလေးတောင် မလှုပ်ခဲ့ပေ။

"မင်းတို့ ရန်ဖြစ်နေတာကို ကြည့်နေဖို့ ငါ့မှာ အားအင် မရှိဘူး"

လုချန်ကျိုးက ရုတ်ချည်ပြောချလာခဲ့သည်။ သူက မည် သည်ကိုမှ ဂရုမစိုက်စွာ ပြောရင်းပင် သူ့ရဲ့အေးစက်လှသော အကြည့်များကလည်း အပြောင်းအလဲမရှိ။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now