Chapter 19 (Uni & Zawgyi)

1.1K 156 8
                                    

Unicode

အခန်း(၁၉)ဘွားဘွားသတိရလာပြီ?

လုချန်ကျိုးက ကုမောင်ကို လက်ထိပ်ခတ်ဖို့ ကြိုးစားနေ သည့်ရဲအရာရှိကို မြင်လိုက်လျှင်ပဲ စိမ်းစိမ်းဝါးဝါး စိုက်ကြည့် သည်။

အံအားသင့်ဖွယ်ကောင်းသော အနက်ရောင် အငွေ့ အသက်တွေက သူ့ကို ဝန်းရံနေကာ ကျောချမ်းဖွယ် အေး စက်မှုတစ်ခုနှင့် လေထုကို စုပ်ယူနေသည်အလား။

ရဲအရာရှိ၏လက်က လေထဲတင် အေးခဲသွားရှာသည်။

လူတိုင်း သတိလက်လွတ် ကြောက်ရွံ့နေ၏။

ကုမောင်ကမူ အစကနေအဆုံးထိ တစ်စက်ကလေးမှ လှုပ်ခတ်သွားခြင်း မရှိချေ။

သူမက လက်နှစ်ဖက်လုံးကို အိပ်ထောင်ထဲ ထည့်ထား ဆဲအနေအထားနှင့် ပျင်းတွဲ့စွာ ခြေအစုံကို ရပ်လိုက်သည်။

"ဘွားဘွား သတိရလာပြီ"

လုချန်ကျိုး၏အသံက ရေခဲ အလား အေးစက်နေခဲ့၏။

လုစုကြီးထဲမှ မျက်နှာတွေ အကုန် ရှော့ရကုန်ကြ၏။

"ဘာ?! သခင်မကြီး သတိရလာပြီ?!"

ဒီကောင်မလေးက တကယ်ကြီး ဘွားဘွားကြီးကို ကယ် တင်ပေးခဲ့တာလား?

လုရှီဝေးတောင် သူမ လုပ်နိုင်ပါ့မလား မသေချာတဲ့ကိစ္စ ကြီးကိုလေ။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ရတာလဲ?

ကြက်ကန်းဆန်အိုးတိုးသွားတာလား?

ကုမောင်ကတော့ ထိုနေရာမှာ ရပ်နေခဲ့ပြီး သူမရဲ့ခြေ ထောက်တွေကို ကြက်ခြေခတ်ပုံ ကန့်လန့်ဖြတ်ထားရင်း မည်သည့်အမူအရာမှ ရှိမနေ။

ညလေပြေက သူမရဲ့နက်မှောင်တောက်ပသောဆံနွယ် တွေကို ဖြတ်တိုက်သွားသည်။

သူမက အေးစက်နေသလို နောက်တစ်မျိုး အတွေ့ အကြုံ ကြွယ်ဝ၍ တည်ငြိမ်ရင့်ကျက်နေပုံ ပေါ်နေ၏။

သူမက အိပ်ကပ်ထဲမှ ဘောပင်သေးသေးလေးနှင့် လက် ဝါးအရွယ်လောက် စာရွက်အပိုင်းအစလေးကို ထုတ်သည်။

ထိုပေါ်မှာ တစ်ခုခုကို အသော့ရေးလိုက်သည်။

မီးရောင်အောက်မှာ သူမရဲ့ ခပ်မိုက်မိုက်အမူအရာက အလွန်အမင်းလှပနေခဲ့၏။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now