Chapter 26 to 30(Uni)

1.2K 136 1
                                    

Unicode

အခန်း(၂၆)Seal Palace

"မင်္ဂလာပါကွယ်"

လုရှန့်ကျင်သည် ကလေးမလေးတွေကို ဖော်ရွေစွာ ပြုံးပြသည်။

ဂူမုန်က ဉီးထုပ်ရဲ့အနားကို ငိုက်ချလိုက်ပြီး ညင်ညင် သာသာ ပြောသည်။

"သွားတော့မယ်"

လုရှန့်ကျင်က ခေါင်းငြိမ့်ပြပြီး ကုမောင်ထွက်ခွာသွားရာ ကို လိုက်ကြည့်နေသည်။

ထိုမိန်းကလေးနှစ်ယောက်သည် တက္ကစီတစ်စီးကို ငှား လိုက်ပြီး ကုမောင်က မုန့်ကျင်ယန်ကို အရင်အထဲဝင်ဖို့ ကား တံခါးကို ဖွင့်ပေးသည်။

သူမရဲ့လက်တွေက ကားတံခါးကို ကိုင်ထားရင်း သက်တောင့်သက်သာ တွဲလောင်းချထားသည်။ သူမရဲ့ ဖြူဖွေးလှပသည့်လက်ကောက်ဝတ်က သူမရဲ့အနက်ရောင် အင်္ကျီလက်ရှည်၏ လက်အနားအစွန်းနှင့် အတိုင်းသား ကွဲထွက်နေတော့သည်။

သူမက အမှတ်တမဲ့လှည့်လိုက်ရင်း သူမတို့ရှိရာကို ကြည့်လာတော့ ထိုကောင်မလေးအုပ်စုက ကုမောင်ရဲ့ မျက်နှာကို မြင်လိုက်ရသည်။ သူမကတော့ ထူးမခြားနား ပျင်းတိပျင်းရွဲ ဟန်နဲ့ပါပဲ။

သူမရဲ့တောက်ပနေသော အနက်ရောင်မျက်ဝန်းတစ်စုံ က လူတွေရဲ့ကျောရိုးထဲထိ အေးစိမ့်သွားစေသည်။

အကြောင်းပြချက်တစ်ချို့ကြောင့် သူတို့မှာ အသက် မရှူနိုင်တော့သလိုမျိုး ခံစားလိုက်ရ၏။

အကြည့်ချင်း အနည်းငယ်ဖလှယ်ပြီးနောက် ကုမောင် က ကားထဲသို့ဝင်သွားခဲ့သည်။

လုရှန့်ကျင်က အဝေးကို ကြည့်နေရင်းပြော၏။

"ကလေးတို့ သွားစားရင်စားကြတော့လေ.. အန်ကယ် မှာ လုပ်စရာလေးတွေရှိသေးလို့.. အန်ကယ်လည်း သွားရ တော့မယ်"

"ဟုတ်ကဲ့... ကောင်းကောင်းသွားပါ အန်ကယ်"

လုရှန့်ကျင် ခေါင်းငြိမ့်ပြ၏။

"ရိအာ, သမီးလည်း အိမ်စောစောပြန်နော်"

"နားထောင်ပါ့မယ် ပါးပါး"

လုရိက ချစ်စရာကောင်းစွာ ပြန်ဖြေသည်။

*** *** ***

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now