Chapter 25 (Uni & Zawgyi)

1.1K 143 2
                                    


Unicode

အခန်း(၂၅) ပြဿနာမဖြစ်မိအောင်နေပါ

"အဆင်ပြေတယ်ဆိုရင်လည်း သွားစီစဉ်လိုက်ပါ"

ကုမောင်က ဝက်ချိုချဉ်တစ်တုံးကို ကောက်လိုက်သည်။ သူမရဲ့အနေအထားက အေးစက်ပြီး ခပ်တန်းတန်းပင်။

လုရှန့်ကျင်က တစ်ခဏလောက် ချီတုံချတုံဖြစ်နေ ကာ ဂရုတစိုက် ပြောသည်။

"ကျောင်းတက်တာကတော့ အဆင်ပြေပါတယ်.. ဒါပေ မယ့် ဉီးတို့ စည်းမျဉ်းတစ်ချို့တော့ ရှိရလိမ့်မယ်"

ကုမောင်ရဲ့ အေးတိအေးစက်မျက်ဝန်းတွေက စိတ်မရှည် ဟန်ဖြစ်လာကာ သူမ မော့ပြီး သူကို စိုက်ကြည့်လာသည်။

သူမရဲ့နက်မှောင်တောက်ပသည့်မျက်ဝန်းတစ်စုံက စူးစူးရှရှအေးစက်မှု ထုတ်လို့နေသည်။

လုရှန့်ကျင် ချက်ချင်းဆိုသလို တောင့်သွားပေမယ့် သူ့ကိုယ်သူ စကားထွက်လာဖို့ တွန်းအားပေးလိုက်ရ၏။

"ပြဿနာမဖြစ်မိအောင်နေပါ"

စည်းမျဉ်းက လိုရင်းတိုရှင်းကာ ထိမိစေသည်။

ကုမောင်က သူမရဲ့နှုတ်ခမ်းထောင့်စွန်းကို တစ်မူထူးသော အရိုင်းဆန်ဟန် အပြုံးတစ်ခုအဖြစ် ကော့ညွှတ်လိုက်ရင်း မနှေးမမြန် ပြောလာတာက

"ကိုယ် ကျောင်းသားကောင်းတစ်ယောက်ဖြစ်စေမှာပါ"

နည်းနည်းလောက် လျော့ပေးလို့မရဘူးလားဗျာ!

ဆရာမလေးရယ်, မင်းသာ လူတွေကို မရိုက်သရွေ့ ကျန်တာကို ဂရုစိုက်စရာကို မလိုတာပါဗျာ။

လုရှန့်ကျင် အတွင်းစိတ်ထဲမှကြိတ်၍ မျက်လုံးလိမ့် လိုက်မိသည်။ စက္ကန့်အနည်းငယ်လောက် တွေးတောလိုက် ပြီးနောက်

"အဲတာဆို သမီး မင်မြို့အထက်တန်းကျောင်းမှာ တက် လို့ရတယ်.. လုရီနဲ့လုယောင်လည်း အဲ့ကျောင်းမှာပဲ ဆိုတော့ ဒရိုက်ဘာအတွက်လည်း ပိုအဆင်ပြေတာပေါ့"

"မလိုဘူး"

ကုမောင် က ခပ်ပေါ့ပေါ့ပြောသည်။

"ကျင်ယန် နဲ့ကိုယ်က ကျောင်းတွင်းဆောင်နေမှာ"

ကျောင်းတွင်းဆောင်မှာ နေမယ်?

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now