Chapter 56 to 60(Uni)

680 79 6
                                    

###အဆင်မပြေလည်း ခဏလောက် သည်းခံဖတ်ပေးနော်.. ပြန်ရောက်ရောက်ချင်းတော့ မဆူပါနဲ့ဦးလို့🥺🤟🤟

အခန်း(၅၆)နောက်တစ်ကြိမ် ရောဂါထခြင်း

"စကားပြောဆင်ခြင်"

ကုမောင်က အသံဖျော့ဖျော့ဖြင့်ပြောသည်။ သူမရဲ့ စကားလုံးတွေက ညင်သာပြီးဖြည်းဖြည်းချင်းလေးပဲ။

ကုယင်ရဲ့စိတ်အစုံက ချက်ချင်းပင် ကုမောင် ငါးနှစ် အရွယ်က လူကြီးတစ်ယောက်ကို ထိုလူအား သွေးတွေ ဖုံးလွှမ်းနေပြီး ကိုယ်တစ်ပိုင်းသေသည်အထိ ရိုက်ပစ်ခဲ့တဲ့ အချိန်ကို ပြန်ရောက်သွားခဲ့၏။ အေးစက်မှုတစ်ခုက သူမရဲ့တစ်ကိုယ်လုံးကို ဖြတ်ပြေးသွားသည်။

ပြောပြီးတာနှင့် ကုမောင်သည် အေးအေးလူလူ လှည့် ထွက်သွား၏။ သူမရဲ့ပိန်ပါးပါးပုံရိပ်မှာ ကျောချမ်းဖွယ် အရှိန်အဝါတို့ ရှိနေ၏။

စက္ကန့်အနည်းလောက်နေတော့ မုန့်ကျင်ယန်, လု ယောင်နဲ့အခြားသူတွေသည် ကုမောင်ကို မှီသွားကြကာ လက်ထဲမှာ နို့လက်ဖက်ရည်ကိုယ်စီ ကိုင်ထားကြသည်။

ကုမောင်ရဲ့သူငယ်အိမ်တို့က သူမ မုန့်ကျင်ယန်ကို ကြည့်နေရင်း ကျယ်လာခဲ့သည်။

*** *** ***

အတန်းတွေ မစခင် နေ့လည်ခင်းမှာတော့

အတန်းခေါင်းဆောင်တွေက ဆရာမတွေဆီမှ စာမေး ပွဲအဖြေလွှာတွေကို အတန်းဆီသို့ ပြန်သယ်လာခဲ့ပြီး အတန်းထဲမှာ ဝေပေးသည်။

ရှီယန်သည် တတိယနှစ်ကျောင်းသားအကုန်ရဲ့ အကျဉ်းချုပ်အမှတ်စာရင်းစာရွက်ပိုင်းကို ကိုင်ထားခဲ့ သည်။ သူမက မျက်ခုံးတို့ကိုမြှင့်ပြီး အသက်ရှူထုတ်သည်။

"ဒီတစ်ကြိမ်မှာ ဆရာမတို့ရဲ့မုန့်ကျင်ယန်က တစ် ကျောင်းလုံးပထမအဆင့်ရခဲ့တယ်... အရမ်းတော်ပါတယ်! နောက်ပြီး ရှန်ဟွမ်ကလည်း အဆင့် ၁၅၇ ရခဲ့တယ်! ဆရာမတို့အတန်းရဲ့ ပျမ်းမျှရမှတ်က အခုဆို နောက်ဆုံး ကနေ လေးဆင့်တက်သွားခဲ့တာကြောင့် ဆရာမတို့က နောက်ဆုံးနေရာမှာပဲ ရှိမနေတော့ဘူး"

အမှတ်တွေက ကျောင်းသားတွေရဲ့ နှလုံးသားတွေကို နိုးကြွလာစေခဲ့သည်။ ချက်ချင်းပင် နားကွဲလုမတတ် ဟစ် ကြွေးသံကြီးတစ်ခု တန်းခွဲ(၂၀)မှပွင့်ထွက်လာပြီး လူတိုင်း သူတို့ရဲ့စားပွဲတွေကို တက်ကြွစွာပုတ်ကြတော့သည်။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now