Chapter 61 (U&Z)

627 89 3
                                    

Unicode

အခန်း(၆၁) မင်းက ငါ့တပည့်မဟုတ်တော့ဘူး

လုချန်ကျိုးက လုကျန့်ထံ ကြည့်ကာ

"အဖေ.... ကျွန်တော် သူ့ကိုနားဖို့ အရင်ခေါ်သွားပေး လိုက်ဉီးမယ်ဗျ"

"အေး..သွားလေ"

လုကျန့်သည် တရွေ့ရွေ့ထွက်ခွာသွားသော ပုံရိပ် နှစ်ခု၏အရိပ်တွေကို ကြည့်နေခဲ့ပြီး သူ့မျက်ဝန်းတို့ ကျဉ်း မြောင်းသွားသည်။

ယွိကျုံ့ကျင်ကမူ ဒေါပွနေခဲ့၏။

"ဆက်ဆံပုံချင်း ကွာခြားမှုကြီးကိုကြည့်စမ်း! ငါလည်း နို့လက်ဖက်ရည်ပူပူလေး လိုချင်တယ်လေ! ငါလည်း နားချင်တယ်လေ!"

လုရီးသည် ယဉ်ကျေးစွာ ပြုံးပြကာ

"ဆရာ... တစ်ခုခုများမေ့နေခဲ့သေးသလား, ဒေါက် တာယွိ?"

ယွိကျုံ့ကျင် မျက်မှောင်ကြုတ်သွား၏။

"ငါ ဘာများမေ့နေလို့တုန်း?"

"မစ်ရှီဝေး"

လုရိသည် သူ့ကိုတာဝန်ကျေပွန်စွာ သတိပေးပါ သည်။

"အေး...ဟုတ်တယ် ဟုတ်တယ်"

ယွိကျုံ့ကျင်၏ အသက်အရွယ်ရနေပြီ ဖြစ်သော မျက်ဝန်းတို့ထဲ အလင်းတို့ ဖြတ်ခနဲလက်သွားခဲ့သည်။

"အခု သူကဘယ်မှာတုန်း?"

လုရိသည် လက်ဟန်ပြလှုပ်ရှုားမှုတစ်ခုဖြင့်

"မရိုမသေ... ကျွန်တော့်နောက်မှလိုက်ခဲ့ပေးပါ"

လုရှီဝေးကို လုအိမ်တော်ရဲ့မြေအောက်ခန်းထဲမှာ သော့ခတ်ထားခြင်းဖြစ်သည်။ အနည်းဆုံး အမျိုးသား လေးဉီးခန့် တစ်ချိန်လုံးစောင့်ကြပ်နေ၏။ သူမရဲ့ အကူ အညီတောင်းခံသံတွေကို မည်သူကမှ အဖက်မလုပ်ကြ ပေ။

ရုတ်တရက် မြေအောက်ခန်းတံခါးသည် ကျွိခနဲမြည် ကာ ပွင့်သွားခဲ့၏။

အလိုအလျောက်မသိစိတ်ဖြင့် လုရှီဝေး၏ခေါင်းသည် ဘယ်သူများလဲလို့ကြည့်ဖို့ ဆတ်ခနဲမော့လာခဲ့သည်။ လုရီး ဆိုတာကို မြင်လိုက်ရချိန်မှာတော့ သူမမျက်မှောင်ကြုတ် မိသည်။ သူမကို လွှတ်ပေးတော့မှာလားဟု မေးမလို့ပင်။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now