Chapter 5(Uni&Zawgyi)

1.5K 214 15
                                    

Unicode

အခန်း(၅) သားဖြစ်သူကို ဘားခေါ်လာတယ်

ကုမောင်နှင့်ကုစစ်တို့ ရောက်သွားတော့ လေလံပွဲက စနေခဲ့ပြီ။

လင်ရွှမ်း၏တည်နေရာသည် ရှာရလွယ်လွန်းပါသည်။ အပေါ်လွင်ဆုံး အထင်ရှားဆုံးနေရာကို ကြည့်လိုက်ရုံပဲ..။

ကုစစ်လေးကတော့ ဒီလိုနေရာမျိုးကို မလာခဲ့ဖူးတော့ လမ်းတစ်လျှောက် မြင်မြင်သမျှ အကုန် လျှောက်ကြည့်နေလို့ ပေါ့။

"မမ, ဒီနေရာက အရမ်းပျော်စရာကောင်းတာပဲ...ဝိုး!"

သူ့ပုံစံလေးက ကမ္ဘာပေါ်က ဘာကိုမှမမြင်ဖူးတဲ့ လှောင် အိမ်ထဲမှလွတ်စ ငှက်ကလေးလိုပင်။

လင်ရွှမ်းသည် အနက်ရောင်ဉီးထုပ်, အနက်ရောင်ဂျင်း ဂျက်ကတ်, အနက်ရောင်ဘောင်းဘီနှင့်အနက်ရောင်လည် သာ ဘွတ်ဖိနပ်စီးထားသော ချောမောလှပ၍ ထူးခြားနေ သည့်အသွင်အပြင်လေးနှင့် အနက်ရောင်ကိုယ်တော်လေး ကုစစ်ကို မြင်လိုက်ရသောအခါ သူမမှာ ကျွမ်းထိုးမှောက်ခုံ တောင် ဖြစ်သွားတော့မလို့။

"Fu*k, ကုမောင်, ကလေးလေးက တအားချစ်ဖို့ကောင်း တာပဲ .... ငါကိုယ်ငါတောင် သားလေးတစ်ယောက်လိုချင် တယ်လို့ လိမ်ချင်သွားပြီ.."

ကုမောင်က ရေးကြီးခွင်ကျယ်လုပ်နေတဲ့ လင်ရွှမ်းကို လျစ်လျူရှုလိုက်ပြီး ဆိုဖာပေါ်ထိုင်ချလိုက်ကာ ကုစစ်လေး လက်ထဲကို နွားနို့တစ်ဘူး ပစ်ထည့်ပေးသည်။

"တခြားဟာသောက်ဖို့ တွေးတောင်မတွေးလိုက်နဲ့"

သူမရဲ့အသံက ဖြေးဖြေးလေး‌ဆိုပေမယ့် အရမ်းပဲ ဟန့် တား ခြိမ်းခြောက်နေပေသည်။

ကုစစ် နှုတ်ခမ်းလေးတွန့်ကွေးသွားပြီး နို့ဘူးကို ပိုက်နဲ့ ထိုးဖောက်လိုက်သည်။

သူ့အစ်မက ဝိုင်ပုလင်းကို သူမဖာသာ ယူလိုက်တာကို ကြည့်နေရင်း.... သူမက အဖုံးကို ထောင့်တစ်ခုချိန်၍ စားပွဲရဲ့ ဘေးအနားပေါ်ခေါက်ချလိုက်သောအခါ အဖုံးက ဖောက်ခနဲ အသံထွက်ကာပွင့်သွားခဲ့၏။ သူမက ပွင့်ထွက်လာတဲ့အဖုံးကို လက်ဖဝါးထဲမှာ ကွက်တိဖမ်းလိုက်ပြီးတော့ ပေါ့ပေါ့ပါးပါးပင် စားပွဲပေါ်ပစ်တင်လိုက်သည်။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now