Chapter 72+73(Uni)

400 49 0
                                    

အခန်း(၇၂)နောက်ထပ် ခင်ဗျား သူမကို ဆူတဲ့အသံ ကျုပ် ဘယ်တော့မှ မကြားမိစေနဲ့
ရုတ်ခြည်းဆိုသလို ကုမောင်ရဲ့မျက်ဝန်းတို့ဟာ အရောင်လက်သွားခဲ့၏။ အေးစက်စွာနှင့်ပေါ့။ ထိုသူထံ အကြည့်တို့ကို ပေးပို့လိုက်ပြီး စကားတခွန်းမဆို အသံ တစ်ချက်မပေးဘဲ မော့ကြည့်လိုက်သည်။ သူမ၏မျက်ဝန်း တို့ထဲ စိတ်ရှုပ်မှုတို့က အထင်းသား။ အေးစက်စက်လေသံ ဖြင့်သာ သူမက ဆိုသည်။
"လွှတ်လိုက်"
လိန်ရှောင်၏ဒေါသမာန်ဟုန်တို့ ပိုမြင့်သွားချေ၏။ သူက သူမလက်ကို ပို၍ပင် တင်းတင်းကျပ်ကျပ် ဖမ်းဆုပ် ထားကာ
"နင်ကြားလားလို့ ငါမေးနေတယ်လေ.. မိသားစုမျိုးရိုး ကို ညှိုးနွမ်းစေတဲ့အရာတွေလုပ်ဖို့ ထွက်လာတယ်လို့ တော့ မပြောနဲ့!"
နောက်စက္ကန့်မှာပင် သွယ်လျသော လက်ချောင်းအစုံ နှင့်လက်တစ်ဖက်ဟာ ထိုသူ၏လက်ကောက်ဝတ်ကို ဆွဲကိုင်ပြီး တင်းကျပ်စွာဖြစ်ညှစ်လာခဲ့သည်။ လိန်ရှောက် သည် နာကျင်မှုကြောင့် သတိလက်လွတ် လွှတ်ပေးမိပြီး ဘေးဘက်သို့ ပစ်ထုတ်ခံလိုက်ရလေသည်။ သူ မော့ကြည့် ခဲ့၏။ သူ့ကို အေးစိမ့်စိမ့်နိုင်သောမျက်နှာတစ်ခုက ပြန်စိုက် ကြည့်နေခဲ့သည်။
အထင်ကြီးဖွယ် အရောင်အဝါနှင့် ထိုလူသားသည် အရပ်အတော်ရှည်၏။ သူသည် ထိုနေရာမှာ ရပ်နေရုံလေး သာဖြစ်သော်ငြား လူအများကို ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်စေနိုင်ပေမည်။
အနုပညာလောကထဲရှိ ဆွဲဆောင်မှုအရှိဆုံး ကြယ်ပွင့် ပင် ထိုသူ၏ရှေ့မှောက်မှာတော့ ထိုသူ၏ပြိုင်ဘက် ဟုတ် မနေချေ။
လိန်ရှောင် ထိုသူကို အပေါ်အောက် အစုံအဆန်ကြည့် လိုက်မိသည်။ ထိုသူသည် မင်မြို့၏ဒေသခံတစ်ယောက် နှင့်လည်း တူမနေ။
"မင်းက ဘယ်သူလဲ? ငါ့တူမကို ငါစကားပြောနေတာ မင်းနဲ့ဘာဆိုင်လို့လဲကွ?"
လုချန်ကျိုးသည် တစ်ဖက်သို့ခေါင်းလှည့်ကာ ခပ် တည်တည်ဖြင့် မေးခဲ့၏။
"မင်းဦးလေးလား?"
ကုမောင်သည် ထူးမခြားနားဟန် ပေါ်နေသော်လည်း သူမ၏မျက်ဝန်းနက်တို့ကတော့ ရေခဲအိုင်တစ်ခုအလား အေးစက်နေ၏။ လေသံနိမ့်နိမ့်ဖြင့် သူမက ဆို၏။
"အွန်း"
လုချန်ကျိုးသည် လိန်ရှောက်ထံ အကြည့်လွှဲလိုက် သည်။ ရုတ်တရက် ဓားထက်ထက်တစ်ချောင်းက လိန် ရှောက်၏လည်မျိုကို ဖြတ်ပြေးသွားသလို ခံစားလိုက်ရ သည်။ သူ၏အသွေးအသားတွေပင် အေးခဲသွား၏။
"သူက အဲလိုနဲ့လည်းမတူပါဘူး"
ထိုအမျိုးသားသည် လှောင်နေသည့်နှယ်။ 
သို့သော် ထိုသူသည် အရှက်ရစေဖို့ ကြိုးစားနေမှန်း ထိုသူ၏အမူအရာသည် ချဥ်တင်တင်ဖြစ်သွားမှန်း သူ(လိန် ရှောင်)ပြောနိုင်၏။
ထိုစဥ် ကုမောင်၏ဖုန်းက မြည်လာခဲ့သည်။ သူတို့ကို အမြန်ဆင်းလာဖို့ ဆော်သြနေသည့် ကျောင်ရှန့်ယွမ်ပါပေ။
"သွားရအောင်"
ကုမောင်သည် ပြန်လှည့်ပြီး ဓာတ်လှေကားဆီ လျှောက်လှမ်းသွားတော့သည်။
မုန့်ကျင်ယန်မှာတော့ သူမနောက်ကို အမြန်လိုက် သွားရလေ၏။
လိန်ရှောက်မှာတော့ ဒေါသထွက်ရလွန်းလို့ မှုန်ကုပ် နေပြီ။ သူက သူမနောက်ကို လိုက်ဖမ်းချင်နေကာ
"ကုမောင် ငါ့စကားမပြီးသေးဘူးလေ!"
ရုတ်တရက် လက်မောင်းတစ်ဖက်က လမ်းကြောင်း ကို ပိတ်ဆို့တားဆီးလာခဲ့၏။ သူ မော့အကြည့်မှာ မျက်ဝန်းတစ်စုံနှင့် သွားဆုံမိသည်။ စဥ်းလဲဥာဏ်များသော ရက်စက်ခက်ထန်သော မျက်ဝန်းများ။ ထို့နောက် အေး စက်စွာဖြင့် ခြိမ်းခြောက်ပြောဆိုလာသော အသံတစ်သံကို ကြားလိုက်ရသည်။
"နောက်ထပ် ခင်ဗျား သူမကို ဆူတဲ့အသံ ကျုပ်ဘယ် တော့မှမကြားမိစေနဲ့"
ချက်ချင်း လိန်ရှောင်မှာ ထိုနေရာတွင် အမြစ်တွယ် တုံ့ဆိုင်းသွားပြီး ခြောက်ခြားကျန်ရစ်ခဲ့၏။
လုချန်ကျိုးသည် မထီဟန် လှောင်ပြုံးတစ်ချက်ပြုံးပြီး ဓာတ်လှေကားဆီ လျှောက်လှမ်းသွားချေပြီ။ အသိပြန်ဝင် လာသည်နှင့် လိန်ရှောင် အံကြိတ်လိုက်မိသည်။
ထင်ထားသလိုပါပဲ။ ကုမောင်ရဲ့သူငယ်ချင်းတွေက တော့ ကလိမ်ကကျစ် မြေအောက်က လူမိုက်တွေချည်းပါ ပဲ။
***  ***  ***
ကားထဲတွင်တော့ ကုမောင်သည် အစောက သူမနဲ့ ဂိမ်းကစားနေသည့် သူငယ်ချင်းကို လိုင်းကျသွားသည့် အတွက် တောင်းပန်စကားဆိုနေ၏။ အဲ့နောက် သူမ နောက်တစ်ပွဲ အသစ်ပြန်စလေ၏။
လုချန်ကျိုးသည် ဘေးတစ်ဖက်သို့ကြည့်ကာ ဘော့စ် တစ်ယောက်အလား ဂရုမထားစွာ ခြေချောင်းတွေကို ချိတ် ထိုင်နေသော မိန်းကလေးကို အကဲခတ်လို့နေသည်။
သူ့မျက်ဝန်းတို့ထဲ အပြုံးတစ်ပွင့် ဖြတ်ခနဲလက်သွား ပြီး သူမအဖို့ရာ သူကိုယ်တိုင် ဝယ်လာခဲ့သောပစ္စည်းတွေ ကို တင်လိုက်သည်။
"ဒီမှာ မင်းကြိုက်တတ်တာလေးတွေ... အထဲမှာ နို့ လက်ဖက်ရည်နှစ်ခွက်လည်း ပါတယ်"
ကုမောင်သည် မုန့်တွေကိုကြည့်လိုက်၏။ မာကရွန် တွေရယ် မိုချာကိတ်ရယ် စတော်ဘယ်ရီကိတ်ရယ်နဲ့ တုတ် ချိုချဥ်လေးတွေ။
သူမ မျက်ခုံးတစ်ဖက် ပင့်မိသွား၏။
"ကျေးဇူးပါ"
"ကိစ္စမရှိပါဘူး"
လုချန်ကျိုး၏အကြည့်တို့က သူမ၏လက်ကောက် ဝတ်ပေါ် စွဲကပ်နေခဲ့၏။ သူက စိတ်ဝင်တစား မေးမြန်းလာ ခဲ့သည်။
"မင်းဒီလောက် အချိုတွေစားနေတာ ဝိတ်တက်လာ မှာကို မစိုးရိမ်ဘူးလား?"
ကုမောင်၏နှုတ်ခမ်းထက် အဆင်အခြင်မဲ့ လှောင်ပြုံး ပါးပါးလေးတစ်ခု ပေါ်လာခဲ့သည်။
"ကိုယ်က ကြီးထွားမှုလိုနေဆဲ ကလေးမလေးပဲလေ"
လုချန်ကျိုး၏မျက်ဝန်းတို့က ကျဥ်းမြောင်းသွား၏။ သူမက သူ့ကို သူပြောထားတဲ့စကားလုံးတွေနဲ့ ပြန်ချေပ မယ်လို့ သူမထင်ထားမိခဲ့ချေ။ ခေါင်းစဥ်ကို ပြောင်းလိုက်ရ တော့၏။
"မနက်ဖြန် မိဘ-ဆရာ အစည်းအဝေးအတွက် ကျောင်းမှာ ရှိမယ်မလား?"
"အွန်း”
ကုမောင်သည် အာရုံရှိမနေ။ သူမ၏ သွက်လက်လှပ သောလက်ချောင်းလေးများက ဂိမ်းထဲရှိ ဂိမ်းဇာတ်ကောင် တစ်ခုကို ထိန်းချုပ်နေ၏။
"တတိယနှစ် ကျောင်းသားဆောင် ဝင်ပေါက်မှာ ခင်ဗျားကို စောင့်နေမယ်"
လုချန်ကျိုးသည်ကုမောင်၏အမှတ်စာရင်းအကြောင်း တွေးနေစဥ် လက်ဖျံပေါ်ကို သူ၏လက်ချောင်းတို့က ခပ် ဖွဖွ ပုတ်နေခဲ့၏။
"ကိုယ် ဆရာမနဲ့စကားဆွေးနွေးဖို့ အခေါ်ခံရလောက် လား?"
ကုမောင်သည် ရှီယန်၏ဗီဇလက္ခဏာကို ပြန်မြင် ယောင်မိကာ
"အွန်း"
လုချန်ကျိုးသည် ကုမောင်ထံ ကြည့်နေသည်။ သူ့ အကြည့်သည် သန့်စင်နေသော်ငြား လျော်ကန်မနေခဲ့။
သူ၏သားကောင်ကို မြင်တွေ့နေရသည့် ဝံပုလွေတစ် ကောင်အလားပင်။
နောက်ကျရင် သူ သူမကို သွားကြည့်ဖို့ ကျောင်းစာကို အကြောင်းပြချက်အနေနဲ့ လွတ်လပ်စွာ အသုံးပြုနိုင် လောက်ပြီ။ ပြောရရင် တစ်အုပ်စုလုံးမှာ နောက်ဆုံးအဆင့် ဝင်တဲ့လူတစ်ယောက်အတွက် တိုးတက်ဖို့ရာ အခန်းကဏ္ဍ တွေ အများကြီးလွတ်နေသေးတယ်လေ...။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now