Chapter 8(Uni&Zawgyi)

1.4K 197 6
                                    

Unicode

အခန်း(၈) ဂိုဏ်းစတား စိတ်ရှုပ်နေတယ်.. ဒါ့ကြောင့် မင်း သူမနဲ့ သွားရှုပ်တာက မင်းရဲ့သေခြင်းတရားကို လက်ကမ်း လိုက်တာပဲ

ထိုငတိလေးကို ကုမောင်က ပခုံးပေါ်ကနေ ကိုင်ပေါက် ပစ်လိုက်တာကို ဘယ်သူမှတောင် သေသေချာချာ မမြင် လိုက်နိုင်ကြရှာ။ သတိပြုမိချိန်မှာတော့ ထိုသူက တစ်ပတ် လည်ပြီးသွားလို့ မြေကြီးနှင့် မိတ်ဆက်သွားရှာပြီ။

ကျန်တဲ့ငတိလေးတွေ၏အမူအရာက ပြောင်းလဲသွား ခဲ့ တော့သည်။ သူတို့တွေက စိတ်ကြီးဝင်ပြီး ဗိုလ်ကျချယ်လှယ် နေကြဆိုတော့ ဒီလိုမျိုးကို မကြုံတွေ့ခဲ့ရဖူးချေ။ သူတို့ ညီအစ်ကို,ကို ရိုက်လိုက်တဲ့ကုမောင်ကို စိုက်ကြည့်ပြီး လက် သီးတွေ ဆုပ်လိုက်ကြသည်။

"ဖမ်းစမ်း...အဲ့ကောင်မကို ဒီည lesson ပေးရမယ်"

အဲ့အဖွဲ့ရဲ့ခေါင်းဆောင်လိုလိုကောင်က အံကြိတ်ကာ ပြောသည်။

ကုမောင်က သူမဆီအတင်းပြေးလာကြသည့် လူသုံး ယောက်ကို ကြည့်၍ နှုတ်ခမ်းတစ်ဖက် တွန့်ကွေးသွားတော့ သည်။ သူ့မပုံစံက ထူးမခြားနားဟန် ပျင်းရိနေပုံပေါ်ကာ လှပတဲ့မျက်ဝန်းတစ်စုံက မှေးကျဉ်းလိုက်ရင်း အေးစက်စက် အလင်းတွေ ထုတ်လွှတ်နေခဲ့သည်။

ကောင်းပြီလေ.. သေချင်နေတော့လည်း......။

သူမ အားကြီးနဲ့ ကန်ချပစ်လိုက်တော့ သူမကန်လိုက် သည့်ရှေ့ကလူသည် မြေကြီးပေါ်ကျသွားပြီးနောက် ထကို မထနိုင်တော့ပေ။ နောက်ဝင်လာတဲ့လက်သီးကို ဖမ်းချုပ်ကာ ဂျွတ်ခနဲ့မြည်သံနဲ့အတူ သူမ လက်တစ်ဖက်တည်းနှင့် ထိုလူ ရဲ့လက်ကို ချိုးပစ်လိုက်သည်။ အော်သံကတော့ ဆိုးဆိုးဝါး ဝါးကိုပါပဲ။

ကျန်တဲ့တစ်ယောက်က သူ့လူသုံးယောက် မြေကြီးနဲ့ မိတ်ဆက်နေတာကို မြင်လိုက်ရရှာတဲ့ထိုခဏ ဆံပင်တွေ တောင် ထောင်ကုန်သလိုပဲ သူ့ခမျာ..။

မသိစိတ်က အန္တာရာယ်အငွေ့အသက်ကို ခံစားလိုက် ရတော့ ဒယိမ်းဒယိုင်နဲ့ နောက်လှည့်ပြီး ပြေးချင်ခဲ့သည်။

သို့သော် ရုတ်တရက် သူ့မျက်လုံးတွေ လက်သွားပြီး ကုမောင် သူ့ဆီ ဘယ်လိုလာလိုက်သလဲဆိုတာ မမြင်လိုက် နိုင်ဘူး။ လူတစ်ကိုယ်လုံးကို ကြီးမားတဲ့အားကြီးတစ်ခုက ဖိပစ်လိုက်ရင်း သူ့လည်ပင်းကိုညစ်ထားကာ ပြိုင်ကားရဲ့စက် ဖုံးပေါ် လွှင့်ပစ်ခြင်းခံလိုက်ရသည်။

နေ့စဉ် အွန်လိုင်းပေါ်က ပါးရိုက်နေသည်Where stories live. Discover now