ဖြောင့်ဖြူးနေပြီး ကားအနည်းငယ်ရှုပ်နေသည့်လမ်းမကြီးတစ်လျှောက်ပေါ်တွင် အဖြူရောင်အရေးပေါ်ကားလေးတစ်စီး အရေးပေါ်အချက်ပြမီးနဲ့အတူ လေကဲ့သို့လျင်မြန်စွာ သွားနေလေသည်။ ထိုအရေးပေါ်ကားထဲတွင် ခန္ဓာကိုယ်အောက်ပိုင်းမှသွေးများသည် ကားပေါ်တွင် တတောက်တောက်ကျဆင်းနေလေသည်။ ကုတင်ပေါ်တွင်လဲလျောင်းနေသောသူမှာ မျက်နှာကလည်းဖြူဖျော့နေပြီး သူ့ဗိုက်ကလေးကိုသူနှိပ်ကာ နာကျင်မှုကိုတောင့်ခံနေလေသည်။ ထိုလူနာဘေးနားတွင် သူ၏လက်ကလေးကိုဆုပ်ကိုင်ပြီး သတိလစ်မသွားစေရန် သတိပေးနေသည့်လူတစ်ယောက်လည်းရှိနေသေးသည်။
"ခဏလေးနော် ဆေးရုံရောက်တော့မယ် ... ခဏလေးပဲတောင့်ခံထားပေးနော် ... "
"ကျိန်းသေပေါက်ကယ်ရမယ်နော် ... ကျွန်တော့်ကိုမကြည့်ဘဲ ကလေးကိုကျိန်းသေပေါက်ကယ်ရမယ်နော် ..."
"စကားတွေအများကြီးပြောမနေပါနဲ့ ... ခဏပဲတောင့်ခံထား"
"ဦးဟန် ကျွန်တော့်ကိုကတိပေးရမယ် ... မဟုတ်ရင် ကျွန်တော် ခင်ဗျားကိုမခေါ်တော့ဘဲနေမှာ"
အသည်းအသန်ဖြစ်နေသည့်အချိန်မှာတောင် စိတ်ဆိုးချင်သလိုလိုပြောနိုင်သေးသည့်ကောင်လေးကို သူဒေါသထွက်မိပါသည်။ သူ့အသက်ထပ်ပိုပြီးဘယ်အရာကအရေးကြီးမည်တုန်း။ သူ့အတွက်တော့ ကောင်လေး၏အသက်က အရာအားလုံးထက်အရေးကြီးဆုံးဖြစ်လေသည်။
လွန်ခဲ့သောတစ်နှစ်ခန့်က .....
"သော်ဇေ ငါမလာနိုင်တော့ဘူးကွာ ... ငါဒီမှာ မဟေသီအကူအညီတောင်းထားတာလေးလုပ်ပေးမလို့"
မိမိ၏မွေးနေ့မို့ ကျိန်းသေပေါက်လာပေးဖို့အတွက် အတန်တန်မှာထားပါလျက် မိန်းမပျိုလေးမဟေသီနဲ့ယှဥ်ရင်တော့ သူကအမြဲတမ်းနံပါတ်နှစ်နေရာကိုရောက်ရလေ့ရှိသည်က ဓမ္မတာပင်။ ဒီအမှန်တရားကိုတော့ သူဘယ်လိုမှရှောင်လွှဲ၍မရနိုင်ပါ။
"ဟူး ... ပိုချစ်ရတဲ့လူက အမြဲတမ်းပိုပင်ပန်းရတာပဲ"
"ဘာတွေပင်ပန်းနေရတာလဲ အမောင်သော်ဇေ"
YOU ARE READING
သူနဲ့ကျွန်တော် (Season - 3)
Romanceဤဇာတ်လမ်း ဇာတ်ကွက်ဖြစ်ရပ်များသည် စာရေးသူ၏စိတ်ကူးယဥ်သပ်သပ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လ်ုစေခြင်းမရှိပါ။