"ဟင်း ..."
မင်းသွေးစက်၏အထိအတွေ့များကြောင့် သံရှည်စွဲကာထွက်လာသည့် ညည်းသံသဲ့သဲ့ကလေးကိုကြားရတော့ သွေးစက်ပြုံးလိုက်သည်။ သူ့ကောင်လေး ဒီလိုအထိအတွေ့တွေ ဝေးနေတာ ကြာလှပြီလို့ပဲဆိုရပေမည်။
"Daddy ခင်ဗျား ..."
တစ်ကိုယ်လုံးကိုလည်း ပွတ်သပ်ကျီစယ်တာနေတာမို့ ကောင်လေးတစ်စက်ကလေးမှအငြိမ်မနေနိုင်ရှာပါ။ သူ့ပေါင်ကိုကုပ်ခြစ်နေသည့်လက်ချောင်းကလေးများကလည်း ရပ်တန့်မသွားပေ။
"ဆက်ပြောလေ ကိုယ့်ကိုဘာပြောချင်လို့လဲ"
"ဟင်း ... ဟာ့ ... အဲ့နေရာကို မထိပါနဲ့ ... ကျွန်တော်မနေတတ်ဘူး ... အား ... ဟင့် Daddy"
အရှေ့ဘက်အပိုင်းကနေ အနောက်ဘက်အပိုင်းကို လက်ချောင်းကလေးတွေနဲ့ပွတ်သပ်တော့ ကောင်လေးမှာ မနေတတ်မထိုင်တတ်တွေဖြစ်လာခဲ့ရသည်။
"ခင်ဗျား အရင်တစ်ခေါက်ကနဲ့မတူဘူး ... ခင်ဗျားကို ဘယ်သူဘာတွေသင်ပေးလိုက်ပြန်ပြီလဲ"
ကောင်လေး၏စကားကြောင့် သွေးစက်ရယ်မိသည်။ ပထမဦးဆုံးအကြိမ်တုန်းက သူဘယ်လောက်တောင်စိတ်ထိန်းပြီးခရီးဆက်ရသလဲ ဒီကောင်လေးမသိ။ ကောင်လေးနဲ့ ပထမဦးဆုံးမို့ ကောင်လေးလန့်သွားမှာကြောက်၍ သူ့စိတ်ကိုအတတ်နိုင်ဆုံး လျှော့ချထားခဲ့ပေးသည်။ ဒီတစ်ခါတော့ သူလျှော့ပေးဖို့ အစီအစဥ်မရှိပါ။ ကောင်လေးကိုလည်း ပျော်အောင်လုပ်ပေးချင်သလို သူကိုယ်တိုင်လည်းကောင်လေးထံမှာ ပျော်မွေ့ချင်သည်။
"ကိုယ့်ကိုဘယ်သူကသင်ပေးစရာလိုလဲဘေဘီအလင်းရဲ့ ... ဒီနေ့တော့ ကျန်တာတွေခေါင်းထဲကထုတ်ပြီး အတူတူပျော်ကြရအောင်အချစ်လေးရယ်"
"နမ်း ... ဘေဘီ့ကိုနမ်းပါ ဟင့် ... Daddy ခင်ဗျားအကျင့်မကောင်းဘူး"
ကောင်လေးကနမ်းချင်လို့လှမ်းလာတာကို မင်းသွေးစက်က အနားရောက်မှ ရှောင်ဖယ်လိုက်သည်ကြောင့် ကောင်လေး၏မကျေမနပ်သံလေးထွက်လာသည်။
YOU ARE READING
သူနဲ့ကျွန်တော် (Season - 3)
Romanceဤဇာတ်လမ်း ဇာတ်ကွက်ဖြစ်ရပ်များသည် စာရေးသူ၏စိတ်ကူးယဥ်သပ်သပ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လ်ုစေခြင်းမရှိပါ။