အခန်း - 19

857 90 17
                                    

"​ဆောင်းဦးဟန် မင်းမြဲမြဲမှတ်ထား ... မင်းအိမ်​ထောင်ကျရင် မိန်းမကိုချစ်ရမယ် က​လေးယူပြီးသာယာတဲ့မိသားစု​လေးတစ်ခုကိုကျိန်း​သေ​ပေါက်ဦး​ဆောင်နိုင်ရမယ် ... မင်းမြဲမြဲမှတ်ထား"

"ဟုတ်ကဲ့ပါအ​ဖေ ကျွန်​တော်မှတ်ထားပါ့မယ်"

​ဆောင်းဦးဟန် တစ်ကိုယ်လုံး​ချွေးများရွှဲနစ်စွာဖြင့်အိမ်မက်မှလန့်နို့လာခဲ့သည်။ အ​ဖေရဲ့​လောင်းရိပ်​အောက်မှာကြီးပြင်းလာရပြီး အ​ဖေ​ပြောသမျှစကားအားလုံး​ခေါင်းထဲအတင်းထည့်ကာ မှတ်သားသိမ်းဆည်းထားသည်။ တစ်​နေ့ထက်တစ်​နေ့ တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး​ခေါင်းထဲစွဲလာရသည်။ ​ဆောင်းဦးဟန်၏အ​တွေးထဲမှာလည်း အ​ဖေ၏​ပြောစကားများက ​ဆောင်းဦးဟန်၏စိတ်ဖြစ်လာခဲ့သည်။

"ချစ် ကိုယ်တို့က​လေးယူကြရ​အောင် ... ​သော်​ဇေ့အ​ကြောင်းလည်းသိထားပြီးပြီမလား ကိုယ်တို့အတွက်သူ​မွေး​ပေးနိုင်တယ်"

"ကို ​သော်​ဇေကအိမ်​ထောင်ရှိ​နေပြီ​လေ ... ချစ်တို့အခြားနည်းလမ်းစဥ်းစားကြရ​အောင်"

"မဟုတ်ဘူး ​သော်​ဇေကကိုယ့်အတွက်ဆိုလုပ်​ပေးမှာ"

​နေ့တိုင်းအလိုလိုဒီစကား​တွေပဲ​ပြော​နေသည့်​ဆောင်းဦးဟန်ကို မ​ဟေသီ​ဒေါသဖြစ်လာရသည်။ မိန်းမသားတစ်​ယောက်ဖြစ်​နေ​ပေမဲ့ မိသားစုဘဝကိုမတည်​ထောင်နိုင်တဲ့အတွက်ဝမ်းနည်း​နေရသည့်အပြင် ​ယောကျာ်းသားဖြစ်ပြီးမိသားစုဘဝကိုတည်​ထောင်နိုင်သည့်​သော်​ဇေ့ကိုပဲ ​ဆောင်းဦးဟန်ကတမ်းတ​နေသည်။

"ရှင်သူ့ကိုကြိုက်​နေတာလား​"

"ချစ် ဘာ​တွေ​ပြော​နေတာလဲ ... ကိုယ်ကချစ်ကိုပဲချစ်တာ​လေ ​သော်​ဇေ့ကိုကိုယ်တို့အတွက်အသုံးချရုံသပ်သပ်ပဲ"

"အသုံးချတာထက် နင့်အတွက်နင်ပို​တွေး​နေတာမလား ... ငါ့အတွက်​ရော နင်​တွေး​ပေးဖူးလား ... ငါက​လေးမရနိုင်တာ ဘယ်လိုခံစား​နေရမလဲနင်​တွေး​ပေးဖူးလား ... ​ဆောင်းဦးဟန် ငါနင့်ကိုတဖြည်းဖြည်းနဲ့စိတ်ပျက်လာပြီ"

မ​​ဟေသီ ကား​သော့ဆွဲယူသွားပြီး အိမ်မှထွက်သွားကာ ဘားမှာသွားထိုင်​နေသည်။ စိတ်ညစ်ညစ်နဲ့အရက်​တွေပဲလှိမ့်​သောက်​နေမိသည်။ ထိုစဥ် မ​ဟေသီ့အနားကို​ကောင်​လေးတစ်​ယောက်​ရောက်လာသည်။

သူနဲ့ကျွန်​တော် (Season - 3)Where stories live. Discover now