အခန်း - 17

848 77 86
                                    

"ကျွန်​တော် မင်္ဂလာပွဲမလုပ်ချင်​တော့ဘူး"

​ကောင်​လေးစစဦးချင်း​ပြောလာသည့်စကား​ကြောင့် ဦးဟန်ရင်ထဲဒိန်းခနဲဖြစ်သွားရသည်။ သို့​ပေမဲ့လည်း ​ကောင်​လေးအ​ရှေ့မှာ​တော့ ပျာယာခတ်​နေသည့်ပုံစံမျိုးမဖြစ်​စေဘဲ ​အေး​အေး​ဆေး​ဆေးသာ​မေးလိုက်သည်။

"ဘာလို့လဲ​ဘေဘီ ​ဘေဘီက​ဆောင်းဦးဟန်​ပြောတာကိုလက်ခံမလို့လား"

"ဟင့်အင်း မလုပ်နိုင်ပါဘူး ... ကျွန်​တော်​ပြောတာက လက်မှတ်ပဲထိုးပြီး ပွဲမလုပ်ဖို့ပါ"

အခုမှ ​ဦးဟန်စိတ်ထဲအနည်းငယ်​အေးချမ်းသွားရသည်။ ရုတ်တရက်ဆို​တော့ ဦးဟန်လည်းသူ့ကိုမချစ်​တော့ဘူးလားလို့​တွေးမိသွားပါ​သေးသည်။

"​ဘေဘီ ကိုယ်တို့အားလုံးစီစဥ်ပြီးသွားပြီ​လေ ... ဘာဖြစ်လို့မလုပ်ချင်တာလဲ"

"ကျွန်​တော့်အ​ကြောင်းကိုလူ​တွေသိကုန်ရင် ​ဆောင်းဦးဟန်လိုပဲလာ​ပြောကြရင်ဘယ်လိုလုပ်မလဲ ... ပြီး​တော့ ကျွန်​တော့်ကိုအမြဲတမ်းအသုံးချဖို့ပဲ​တွေး​နေကြရင်ဘယ်လိုလုပ်မလဲ ... ကျွန်​တော်​ကြောက်တယ် ကျွန်​တော်လူအများ​​ရှေ့မထွက်ချင်ဘူး ... ဒီအတိုင်းလက်မှတ်ပဲထိုးလိုက်ကြရ​အောင်​နော်"

"ဟုတ်ပြီ ... အခုကိုယ်က​ဘေဘီ့ရဲ့ဆန္ဒကိုလိုက်​လျော​ပေးမယ်​နော် အခု​ဘေဘီစိတ်မငြိမ်​သေးတာမို့​ဘေဘီ့သ​​ဘောအတိုင်း ဦးဟန်စီစဥ်လိုက်မယ် ... တစ်​နေ့ကျရင်​တော့ ကိုယ်မင်းကိုခမ်းခမ်းနားနားနဲ့လက်ထပ်ချင်ပါ​သေးတယ် ... ​ဘေဘီအ​ဆင်သင့်ဖြစ်တဲ့အခါကျရင် လက်ထပ်ပွဲကျင်းပခွင့်​ပေးပါ"

​ကောင်​လေးကဦးဟန်၏​တောင်းဆိုချက်ကို​ခေါင်းညိတ်လက်ခံလိုက်သည်။ ​ကောင်​လေး၏သ​ဘောအရ စီစဥ်ထားသမျှအရာအားလုံးကိုဖျက်သိမ်းလိုက်ပြီး လက်မှတ်ထိုးရန်သာစီစဥ်လိုက်သည်။ ဦးဟန်အ​နေနဲ့ ​ကောင်​လေးကိုအပြည့်အဝကာကွယ်မှု​ပေးချင်သည်မို့ သူ့တစ်ဦးတည်း​သောအပိုင်​လေးဖြစ်ချင်သည်မို့ မနက်ဖြန်ချက်ချင်းလက်မှတ်ထိုးရန်စီစဥ်လိုက်သည်။ ​ကောင်​လေးကလည်း ဦးဟန်၏စီစဥ်မှုအ​ပေါ်မှာ ထပ်မံငြင်းဆိုခြင်းမရှိဘဲ အသာတကြည်လက်ခံ​ပေးပါသည်။

သူနဲ့ကျွန်​တော် (Season - 3)Место, где живут истории. Откройте их для себя