အခန်း - 30

731 68 11
                                    

ဦး​အောင်မင်းလတ်ဆုံးသွားပြီးတစ်လကြာပြီးသည့်​နောက်ဝမ်းသာစရာသတင်း​ကောင်းတစ်ခုကိုကြားရ၏။ မင်း​သွေးစက်အတွက်မျက်ကြည်လွှာအလှူရှင်​ပေါ်​ပေါက်လာခြင်းဖြစ်သည်။ မင်း​သွေးစက်မျက်စိမမြင်ရချိန်​တွေမှာ ကုမ္ပဏီလုပ်ငန်းအလုပ်​တွေကိုနိုင်လင်းကအကုန်ကူညီလုပ်​ပေးသည်မို့ လုပ်ငန်းမယိမ်းရိုင်ဘဲရပ်တည်​နေနိုင်ခြင်းဖြစ်သည်။ မင်း​သွေးစက်အတွက်​တော့ နိုင်လင်းကဘဝလက်တွဲ​ဖော်​ကောင်းဖြစ်သည်။ ရှယ်ယာရှင်​တွေလည်းနိုင်လင်း၏အလုပ်လုပ်ပုံအ​ပေါ် ​စောတကတက်ခြင်းမရှိကြပါ။ ​နောက်ဆုံး​တော့ မင်း​သွေးစက်အတွက်အမြင်အာရုံ​ပေးနိုင်မည့်အလှူရှင်​ပေါ်​​ပေါက်လာခဲ့ပါ​တော့သည်။

"အလင်း ကိုယ့်ဆီလာအုန်း"

ကုတင်​ပေါ်တွင်ထိုင်ပြီးပိုက်ဆံ​တွေထိုင်​ရေ​နေသည့်အလင်း​လေးကို သူ့အနားသို့​ခေါ်လိုက်သည်။

"ကိုစက်ကို​ပေးစရာရှိတာ​တွေအလင်းအကုန်​ပေးပြီးသွားပြီ​နော် ထပ်​ပေးစရာမရှိ​တော့ဘူး"

"ကိုယ်မ​တောင်းပါဘူး ကိုယ်ကအလင်းကို​ပေးစရာရှိလို့"

"ဟီးဟီး ဘာ​ပေးမလို့လဲ"

မင်း​သွေးစက်သည် ​သူ့​ဘေးနားရှိစားပွဲ​ပေါ်မှ​သော့က​လေးကိုစမ်းယူပြီး ​သော့ပိတ်ထားသည့်အံဆွဲ​လေးကိုဖွင့်လိုက်သည်။ အံဆွဲဖွင့်လိုက်သည်နှင့်အံဆွဲထဲမှာစာအိတ်က​လေးတစ်အိတ်ထွက်လာသည်။ ထိုစာအိတ်က​လေးကို အလင်းဆီသို့​ပေးလိုက်သည်။

"ဒါကဘာ​လေးလဲ"

စာအိတ်က​လေးကိုလှုပ်ကြည့်လိုက်သည့်အခါ အထဲမှာတစ်ခုခုရှိ​နေသံကြားရသည်။ စာအိတ်ကို​​ဖောက်ကြည့်လိုက်ပြီးအထဲကပစ္စည်းကိုသွန်ချလိုက်သည့်အခါ ဘဏ်ကဒ်​တွေထွက်ကျလာ​လေသည်။

"အယ် ဒါ​တွေကဘာ​တွေလဲ"

"ကိုယ့်မှာကျန်​နေ​သေးတဲ့ဘဏ်ကဒ်​တွေ​လေ ... သုံးကဒ်ရှိတယ် တစ်ကဒ်ဆီမှာအနည်းဆုံး၅၀၀​လောက်​တော့ကျန်အုန်းမယ်ထင်တယ်"

"ကိုစက် ၅၀၀တည်းနဲ့အလင်းကဘာသွားလုပ်ရမှာလဲ"

"ကိုယ်​ပြောတာ သိန်း၅၀၀က​လေးရဲ့ ... ကိုယ်လုပ်ငန်းစလုပ်ကတည်းကကိုယ်တစ်လရတာ​တွေကိုစုထားတဲ့ကဒ်​တွေ တစ်​နေ့ကိုယ့်ရဲ့သက်ဆိုင်သူလက်ထဲကိုထည့်ဖို့ရည်မှန်းထားတာ"

သူနဲ့ကျွန်​တော် (Season - 3)Место, где живут истории. Откройте их для себя