ဦးဟန် သူ့ကောင်လေးနဲ့အတူအိမ်သို့ပြန်ရောက်လာသည်။ သော်ဇေ့အတွက် အခန်းတစ်ခန်းသီးသန့်လေးပြင်ဆင်ပေးထားသည်။
"ဦးဟန် ကျွန်တော့်အခန်းကဦးဟန်ထက်တောင်ကျယ်နေသေးတယ်"
သော်ဇေ့အခန်းသည် ဦးဟန်၏အခန်းထက်ပိုကျယ်ပါသည်။ သော်ဇေအရမ်းလည်းအံ့သြမိသည်။
"အင်း ကိုယ်ကdressing roomသပ်သပ်ယူထားလိုက်တော့အိပ်ဖို့အတွက်ရရင်ရပြီလေ ... ဘေဘီ့အတွက်ကျတော့ အဝတ်တွေအတွက်နေရာပိုယူရတယ်လေ အဲ့တာကြောင့် master room ကိုပေးတာ"
"ဟိုလေ ဟို ...."
"ပြောလေဘေဘီရဲ့ ဘာပြောမှာမို့လို့ထစ်နေရပြန်တာလဲ"
"ကျွန်တော်တို့အတူနေ ...."
သော်ဇေ့အသံလေးကတိုးသည်ထက်ပိုပိုတိုးသွားပြီး မျက်နှာလေးကလည်းခရမ်းချဥ်သီးအဖြစ်ပြောင်းလာလေသည်။ ဦးဟန် သော်ဇေပြောသည်ကိုကြားလျက်သားနဲ့ တမင်သက်သက်မကြားချင်ယောင်ဆောင်ကာထပ်မေးသည်။
"ကလေး ဘာပြောလိုက်တာလဲ"
"ကျွန်တော်တို့တစ်ခန်းတည်းအတူတူနေလည်းရပါတယ်လို့ ... လက်ထပ်ပြီးရင်လည်းအတူနေရမှာပဲဟာကို"အသံလေးကတိုးတိုးလေးနဲ့ပြောပြီး ခေါင်းကိုလည်းငုံ့ထားသေးသည်။ ဒါလေးပြောရတာလေးကို ကောင်လေးကရှက်နေပါသေးသည်။ ကောင်လေးကသူ့ကိုအသည်းမယား ယားအောင်လုပ်နေသည်။ ဟန်မင်းမြတ် မနေနိုင်တောလို့ ကောင်လေးကိုပွေ့ဖက်ထားလိုက်တော့သည်။
"ကလေးကို ကိုယ်အရမ်းအသည်းယားနေပြီကွာ ... ခဏလောက်တော့ဖက်ထားလို့ရတယ်မလား"
"ရ ... ရပါတယ်"
သော်ဇေလည်းဦးဟန်၏ရင်ခွင်ထဲတွင် ငြိမ်ငြိမ်လေးနေလိုက်သည်။ ခဏလောက်လို့ပြောသည့်ဦးဟန်သည် ကောင်လေးကိုတော်တော်နဲ့မလွှတ်တော့ပါ။
"ဦးဟန် ကျွန်တော့်ကိုလွှတ်ပါဦး ... ကျွန်တော်ပစ္စည်းတွေနေရာချဦးမယ်"
"ဟုတ်ပါပြီ ကိုယ်လည်းကူညီပေးမယ် ... ဘယ်ကနေစရမလဲ"
သော်ဇေလည်းပြုံးရယ်ပြီး ဦးဟန်ကိုကြည့်နေမိသည်။ ဦးဟန်လည်း သူ့ကိုကောင်လေးကကြည့်ပြီးပြုံးနေမှန်းသူမသိပါ။ သူလည်းပဲ ကောင်လေးကိုကြည့်ပြီးပြုံးမိသည်။
YOU ARE READING
သူနဲ့ကျွန်တော် (Season - 3)
Romanceဤဇာတ်လမ်း ဇာတ်ကွက်ဖြစ်ရပ်များသည် စာရေးသူ၏စိတ်ကူးယဥ်သပ်သပ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လ်ုစေခြင်းမရှိပါ။