အခန်း - 33

1.5K 81 9
                                    

နှစ်လခန့်ကြာ​သော် .....

"​မေ​မေ​ရေ သမီး​လေးကအရမ်းငို​နေတယ် ... နို့တိုက်တာလည်းမရဘူး ကိုယ်လည်းနည်းနည်းပူ​နေသလားလို့"

အလုပ်သွားခါနီး နက်ခ်တိုင်​တောင်မစီးနိုင်ဘဲ ဖရိုဖရဲနဲ့သမီး​လေး​ဟေမာန်​သော်ကိုချီပြီးအခန်းထဲမှာ​ပြေးထွက်လာသည့် အမြွှာ​လေးတို့​ဒယ်ဒီ ဦးဟန်မင်းမြတ်။ ​မေ​မေကသမီး​လေးကို​ပြောင်းယူလိုက်ပြီး နဖူး​လေးကိုစမ်းကြည့်လိုက်သည်။ ကိုယ်​လေးကနည်းနည်း​လေး​နွေး​တေး​တေး​လေးရှိ​နေသည်။

"သိပ်စိတ်မပူပါနဲ့ ​​မေ​မေကြည့်​ပေးထားမယ် ... အငယ်​လေး​ရောမနိုး​သေးဘူးလား"

"အိပ်​နေကြတာ​မေ​မေရယ် ဒီမှာကြည့်ပါအုန်း"

သား​လေးကပလက်လက်က​လေးနဲ့​ခြေကားယားလက်ကားယား​လေး ​ဘေးနားက​ဖေ​​ဖေကလည်း​ခြေကားယားလက်ကားယား​လေးအိပ်​ပျော်​နေကြသည်ကိုဓါတ်ပုံရိုက်ယူလာတာ​လေး ​မေ​မေ့ကိုပြလိုက်သည်။ ​မေ​မေကဓါတ်ပုံကိုကြည့်ရင်းပြုံးသည်။

"​သော်​ဇေ့ကိုသွားမနှိုးနဲ့​နော် သူညကတစ်ညလုံးသမီးကို​ချော့​နေရတာ"

"အမယ်​လေး ဟုတ်ပါပြီ ... နက်ခ်တိုင်​သေချာစည်းအုန်း မနက်စာအဆင်သင့်ပဲ"

"ဟုတ်​မေ​မေ"

ခွဲစိတ်ပြီး နှစ်ပတ်အကြာ .....

"သားရယ် မုတ်ဆိတ်​လေးဘာ​လေးလည်းရိတ်ပါအုန်း ... မင်းမျက်နှာကိုကြည့်စမ်း တကယ့်အဘိုးကြီးကျ​နေတာပဲ"

ခွဲစိတ်ခန်းမှထွက်လာပြီးကတည်းက နှလုံးခုန်ရပ်သွားလိုက် သတိဝင်တစ်ချက်မဝင်တစ်ချက် ​နေ့စဥ်ရက်စက်ဖြစ်​နေသည့်​သော်​ဇေသည် အချိန်အားဖြင့်နှစ်ပတ်​ကျော်လာပြီဖြစ်သည်။ ICU ထဲကကိုမထွက်ရ​သေးဘဲ အ​ခြေအ​နေကမတည်မငြိမ်ဖြစ်​နေသည်မို့ ဦးဟန်လည်းသူ့ကိုယ်သူပင်ဂရုမစိုက်နိုင်​တော့​ပေ။

"သားမှာဒါ​တွေလုပ်ဖို့အချိန်မရှိပါဘူး​မေ​မေရယ် ... ​​သော်​ဇေ့အ​ခြေအ​နေမ​ကောင်းရင် နိုင်ငံခြားပို့ဖို့စီစဥ်​နေရတာ သားဒါ​တွေမလုပ်နိုင်​သေးဘူး​မေ​မေရယ်"

သူနဲ့ကျွန်​တော် (Season - 3)Donde viven las historias. Descúbrelo ahora