ဟန်မင်းမြတ်အိမ်သို့ပြန်ရောက်လာသည့်အခါ ကောင်လေးကိုမတွေ့သည်မို့ လုံခြုံရေးဆီအမြန်ပြေးကာ CCTVကိုကြည့်လိုက်သည်။ ကောင်လေးကိုကုန်းပိုးပြီးကားတစ်စီးပေါ်ခေါ်တင်သွားသည်ကိုတွေ့လိုက်ရသည်။ CCTVကိုကော်ပီယူပြီး မေမေ့ဆီသို့ရောက်အောင်သွားခဲ့သည်။
"မေမေ ဘေဘီ့ကိုခေါ်သွားကြပြီ"
"ဘယ်သူကခေါ်သွားတာလဲ"
"ဦးအောင်မင်းလတ်ရဲ့လက်စွဲတွေ ... အရင်ကကွန်တိန်နာဆီကိုပဲခေါ်သွားတာဖြစ်နိုင်တယ် ... မေမေ ဒီတစ်ခေါက်တော့သားနောက်ဆုံးအကြိမ်အနစ်နာခံပြီးအရာအားလုံးကိုအဆုံးသတ်လိုက်ချင်ပြီ ... အဖေကဘာလို့အဲ့တာကိုအရမ်းမုန်းနေလဲမသိပေမဲ့ သားလုပ်သင့်လုပ်ထိုက်တာလုပ်တော့မယ်"
"သားကျိန်းသေတယ်နော် သားအဖေကိုသားပြန်သတ်သလိုဖြစ်မှာနော်"
"သားကျိန်းသေပါတယ်မေမေ ... အရင်လူတွေကိုမကာကွယ်နိုင်ခဲ့ပေမဲ့ သော်ဇေ့ကိုတော့အပြည့်အဝကာကွယ်ပေးချင်တယ်"
"ဟုတ်ပြီ မေမေအနောက်ကလိုက်ခဲ့မယ်"
ဦးဟန် စိတ်ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချပြီး အမှုရင်ဆိုင်ရန်ဆုံးဖြတ်ခဲ့လိုက်ခြင်းဖြစ်သည်။
"မဟေသီ ဝင်လို့ရပါပြီ"
မိဘတွေကိုလိမ်ညာပြောဆိုပြီးနောက်ပိုင်း မဟေသီတစ်ယောက်ဆေးရုံမှာအမြဲလိုလိုစစ်ဆေးချက်တွေပြုလုပ်ဖြစ်သည်။ ဒီတစ်ခေါက်လည်း မဟေသီစစ်ဆေးရန်ရောက်ရှိလာပြန်ပါသည်။
"နာမည်ကမဟေသီနော် ... အသက်က၂၁နှစ်ဆိုတော့ ငယ်သေးတာပဲ"
"ဟုတ်ကဲ့ပါ ... ဒေါက်တာ ကျွန်မအခြေအနေဘယ်လိုရှိလဲမသိဘူးရှင့်"
ဒေါက်တာကစာရွက်စာတမ်းတွေလှန်ကြည့်နေသည်ကိုရပ်လိုက်ပြီး မဟေသီ့ကိုကြည့်လိုက်သည်။ မဟေသီ ဒေါက်တာ့ကိုကြည့်ပြီးစိတ်ထဲမှာထိတ်လန့်လို့လာသည်။
"ပြောရမှာစိတ်မကောင်းပေမဲ့ ကလေးမရနိုင်တဲ့ရာခိုင်နှုန်းကများနေပါတယ် ... ပြောရရင် ကိုယ်ဝန်မဆောင်နိုင်ဘူးဆိုတဲ့သဘောပေါ့"
ВЫ ЧИТАЕТЕ
သူနဲ့ကျွန်တော် (Season - 3)
Любовные романыဤဇာတ်လမ်း ဇာတ်ကွက်ဖြစ်ရပ်များသည် စာရေးသူ၏စိတ်ကူးယဥ်သပ်သပ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လ်ုစေခြင်းမရှိပါ။