အခန်း - 9

930 94 60
                                    

"သား ..."

ဦးဟန်အား 'သား' ဟု​ခေါ်လိုက်သည့်အသံ​ကြောင့် ဦးဟန်လည်းတန့်ခနဲရပ်သွားသည်။ ဦးဟန်ချက်ချင်း​တော့လှည့်မကြည့်နိုင်ဘဲ အချိန်တစ်ခုကြာသည်အထိ ငူငူငိုင်ငိုင်ကြီးရပ်​နေ​လေသည်။ ဦးဟန်ကငိုင်ကျသွား​တော့ ​သော်​ဇေလည်းမျက်လုံးပြူးပြူး​လေးနဲ့မတ်တပ်လိုက်ရပ်မိပါ​တော့သည်။

"ဦးဟန် ဦးဟန် ... ဦးဟန် အဆင်​ပြေရဲ့လား"

​သော်​ဇေသည်ဦးဟန်​ဘေးနားတွင်ရပ်လိုက်ပြီး ဦးဟန်၏လက်ကိုကိုင်လိုက်​​လေသည်။ ထိုမှ ဦးဟန်သည်ချက်ချင်းဆိုသလိုပင်​ကောင်​​လေး၏လက်ကိုဆွဲလိုက်ပြီး ​ကောင်​လေးကကိုသူ့ခန္ဓာကိုယ်ဖြင့်ကွယ်ထားလျက်အ​နောက်မှာ​နေခိုင်းလိုက်သည်။

"သား မ​တွေ့တာကြာပြီ​နော် ... ငါ့သား​တောင်အရွယ်​ရောက်လာပြီပဲ"

"ဒီကိုဘာကိစ္စရှိလို့လဲ ဦး​အောင်မင်းလတ်"

ဦးဟန်၏မျက်နှာချင်းဆိုင်တွင်ရှိ​နေ​သောသူက ဦးဟန်၏စကား​ကြောင့်ထင်ပါရဲ့ ​လှောင်ရယ်ရယ်သလိုရယ်လိုက်သည်။

"ငါကမင်းအ​ဖေ​လေ အ​ဖေကိုနာမည်တပ်​ခေါ်စရာလား"

"ခင်ဗျားကဘယ်တုန်းကမှကျုပ်အ​ဖေမဟုတ်ခဲ့ဘူး ... ခင်ဗျားရဲ့မာန​တွေဂုဏ်သိက္ခာ​တွေ​အောက်မှာမ​နေနိုင်လို့ ကျုပ်တို့သားအမိရုန်းထွက်လာခဲ့ပြီးသားပဲ ခင်ဗျားနဲ့ဘာမှမပတ်သက်​တော့ဘူး"

"ဝိုး ဝိုး ... ငါ့သားကအ​တော်အရွယ်​ရောက်လာပြီပဲ အ​ဖေကို​တောင်​သေချာပြန်​ပြောတတ်​နေပြီ"

ဦးဟန်သည်​ကောင်​လေး၏လက်က​လေးကိုပို၍တင်းကြပ်စွာဆုပ်ကိုင်ထားသည်မှာ လက်ကြားထဲ​ချွေး​တွေပင်ရွှဲနစ်လို့လာသည်။ ​ကောင်​လေးလည်းဘာ​ကြောင့်မှန်းမသိ​တော့ ဦးဟန်၏လက်ကိုမလွှတ်ရဲပါ။

"သားအ​နောက်ကဘယ်သူ​လေးလဲ ချစ်စရာ​လေးပဲ​နော်"

"ခင်ဗျားနဲ့ဘာမှမဆိုင်ဘူး"

"ဟာ့ မင်းခန္ဓာကိုယ်ထဲကငါ့​သွေး​တွေ​ဖောက်ထုတ်လို့မှမရတာကွာ ... အပို​တွေ​လျှောက်​ပြောမ​နေပါနဲ့ မင်းအကြိုက်ကအရင်လိုပဲမ​ပြောင်း​သေးဘူးလားငါ့သား ... အ​ဖေဆုံးမခဲ့တာ​တွေ​မေ့​နေပြီလား"

သူနဲ့ကျွန်​တော် (Season - 3)Donde viven las historias. Descúbrelo ahora