အခန်း - 40

234 16 2
                                    

မင်းသွေးစက်ကိုမြင်လိုက်ရတဲ့​ကောင်​လေးကအရမ်းကိုလန့်သွားသည့်ပုံပင်။ ​ကောင်​လေးလည်းလန့်သလို ​သွေးစက်လည်းအရမ်းလန့်ရသည်။ သူ့​ကောင်​လေးဘာ​တွေများအဲ့​လောက်​တောင်လျှို့ဝှက်ထားရ​လေသလဲ။

"ဒီ ... ဒီကို ဘယ်လို​ရောက်လာတာလဲကိုကို"

"က​လေး ဘာ​တွေလုပ်​နေတာလဲ ... က​လေးမှာ ​ရောဂါတစ်ခုခုများရှိ​နေတာလား ... ဟင် ​ပြောပါဦးက​လေးရယ် ကိုယ်ထူပူ​နေရပြီ"

"ဒီက နိုင်လင်းရဲ့အမျိုးသားလား"

၂​ယောက်ရှုပ်​နေစဥ် ဝင်လာသည့်ဆရာဝန်၏စကားသံ​ကြောင့် ​သွေးစက်ဆရာဝန်ကိုလှည့်ကြည့်မိသည်။ အခုအ​ခြေအ​နေကြီးက ​သွေးစက်အတွက် အရမ်းကို​အေးစက်​နေသလိုပင်။ အလင်းရဲ့မျက်လုံး​လေး​တွေကလည်း သူ့ကိုကြည့်ပြီး တုန်လှုပ်​နေသလိုပင်။

"ဟုတ်ပါတယ် ... သူဘာများဖြစ်လို့လဲဟင် ​ရောဂါတစ်ခုခုများဖြစ်​နေတာလား"

"အရင်ထိုင်လိုက်ပါဦး ... ​ရောက်လာတာအ​တော်ပဲ ကျွန်​တော်လည်းကိုမင်း​သွေးစက်ကို​တွေ့ချင်​နေတာပါ"

"ကျွန်​တော့်ကိုသိ​နေတာလား"

"ဆိုပါ​တော့ ..."

ဆရာဝန်က​တောင်သူ့ကိုသိ​နေတာတဲ့လား။ ဒါဘယ်လိုအ​ခြေအ​နေကြီးလဲ။ သူအတတ်နိုင်ဆုံးစိတ်ကို​အေး​အေးထားလိုက်ပြီး ထိုင်လိုက်သည်။

"​မောင်နိုင်လင်း ထိုင်​လေ ... အခုမှ​ကြောက်မ​နေပါနဲ့​တော့ ​နောက်လည်း​ပြောရမှာပဲမလား"

ဆရာဝန်၏စကား​တွေက ​သွေးစက်ကို အကြီးအကျယ်ထိတ်လန့်​စေသည်။

"​မောင်နိုင်လင်းက သားအိမ်အစားထိုးမှု​တွေလုပ်ထားတာသိလား"

"ဗျာ ..."

"သားအိမ်အစားထိုးမှုလုပ်ထားတယ် အဲ့တာခင်ပွန်းဖြစ်သူကသိလားလို့​မေး​နေတာပါ"

​သွေးစက် ​ခေါင်း​​တွေချာချာလည်ချင်သွားရသည်။ ဒီဆရာဝန်ကဘာ​တွေလာ​ပြော​နေတာလဲမသိ။ သူ့​ကောင်​လေးကဘာလို့သားအိမ်အစားထိုးရမှာလဲ။ ဒီဆရာဝန်ဟာသ​တွေလာ​ပြော​နေတာပဲလို့သာ​တွေးမိသည်။

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Jul 06 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

သူနဲ့ကျွန်​တော် (Season - 3)Wo Geschichten leben. Entdecke jetzt