အခန်း - 14

1K 99 35
                                    

"ဦးဟန်ကိုကျွန်တော်ချစ်မိနေပြီထင်တယ်"

အထပ်မြင့်ကွန်ဒို၏လသာဆောင်လေးမှာ တိုက်ခတ်လာသည့်လေညှင်းများက ဦးဟန်၏ပါးပြင်ပေါ်သို့ဖြည်းညှင်းစွာဖြတ်သန်းသွားသည်။ လေညှင်းများကြောင့် ဦးဟန်၏ဆံပင်တချို့ကလည်းအသာအယာလေးယိမ်းနွဲ့နေသည်။

"ဘေဘီ ဘာပြောလိုက်တယ်"

"ကျွန်တော် ဦးဟန်ကိုချစ်မိနေပြီထင်တယ်"

ဦးဟန်ကထပ်မေးတော့ ကောင်လေးကမဝံ့မရဲလေးပြန်ဖြေလာသည်။ ထုံးစံအတိုင်း ခေါင်းကတော့ငုံ့နေဆဲပေါ့။ ဦးဟန်ကောင်လေးအနားကိုကပ်လိုက်ပြီး ကောင်လေးကိုခါးမှဆွဲဖက်လိုက်ကာ သူ့ကိုမော့ကြည့်စေလိုက်သည်။

"ကိုယ်အိမ်မက်မက်နေတာလား ... ကိုယ့်ကိုဆွဲစိတ်ကြည့်ပေးပါဦး ... နောက်တစ်ခေါက်လောက်ထပ်ပြောပါလားဘေဘီ"

"ကျွန်တော် ဦးဟန်ကိုချစ်တယ်"

ဦးဟန် မျက်ရည်တွေပါကျလာပြီး ငိုပါလေတော့သည်။ ဦးဟန်ကိုကောင်လေးကတအံ့တဩနဲ့မော့ကြည့်နေသည်။ သူချစ်တယ်လို့ပြောလိုက်တာ ဦးဟန်ကငိုပါငိုသွားလေရဲ့။

"အဲ မငိုနဲ့လေ ... ဦးဟန်ပျော်ရမှာလေ ဘာလို့ငိုရတာလဲ"

"ပျော်လို့လေဘေဘီလေးရဲ့ ကလေးဆီကချစ်တယ်ဆိုတဲ့စကားကိုကြားရတာကိုယ်အရမ်းပျော်လွန်းလို့မျက်ရည်ပါကျလာတာာပါ"

ကောင်လေးကအနူးညံ့ဆုံးအပြုံးလေးပြုံးပြီး ....

"ကျွန်တော်ပြောတာနောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် ... မငိုပါနဲ့တော့နော် ဦးဟန်မျက်ရည်ကျနေတာမြင်ရရင် ကျွန်တော်လည်းမခံစားနိုင်လို့ပါ"

"လပြည့်ညလေးကတော့ တကယ့်ကိုထူးခြားတဲ့ညလေးပဲ ... ကောင်လေးဆီကလည်းအဖြေရတယ် ကောင်လေးကိုလည်းပိုင်ဆိုင်ခွင့်ရခဲ့ပြီ"

"စောင့်နေပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်"

ဦးဟန်မနေနိုင်တော့လွန်းလို့ ကောင်လေး၏နှုတ်ခမ်းသားလေးကို ဖိကပ်နမ်းလိုက်သည်။ ကောင်လေးကလည်း ဦးဟန်ပေးသည့်အနမ်းကို တုံ့ပြန်မှုပေးလေသည်။ ဦးဟန် ကောင်လေးကိုပို၍တိုးဖက်ကာ အချိန်အတော်ကြာနမ်းနေခဲ့မိပါသည်။ ကောင်လေးသည်လည်း ခြေဖျားလေးထောက် ဦးဟန်၏လည်တိုင်ကိုဖက်ထားရင်း ဆက်တိုက်နမ်းနေမိသည်။ သူတို့နှစ်ဦးနမ်းနေစဥ် ကောင်းကင်ထက်တွင် မီးရှူးမီးပန်းများလွှတ်ဖောက်ပါတော့သည်။ အထပ်မြင့်ကမြင်ရသည်မို့ ဝိုင်းစက်တောက်ပနေသည့်လမင်းကြီးကိုနောက်ခံထားလျက် မီးရှူးမီးပန်းအရောင်စုံများကလှချင်တိုင်းလှနေပါတော့သည်။

သူနဲ့ကျွန်​တော် (Season - 3)Where stories live. Discover now