အခန်း - 23

729 70 26
                                    

​သော်​ဇေ့ကို​ဆောင်းဦးဟန်ကဖုန်းဆက်ချိန်းသည်မို့ ​ကော်ဖီဆိုင်က​လေးတစ်ဆိုင်သို့​ရောက်လာ​လေသည်။ ​သော်​ဇေဝင်လာသည့်အချိန်တွင် ​ဆောင်းဦးဟန်က​ရောက်​နေနှင့်ပြီးဖြစ်သည်။

"မင်း​ကော်ဖီ​သောက်မလား"

"ရတယ် မ​သောက်​တော့ဘူး ... မင်းချိန်းတာဘာကိစ္စရှိလို့လဲ"

​ဆောင်းဦးဟန်သည် မ​ပြောလို့ကလည်းမဖြစ် ​ပြောရလည်းခက်​နေသည့်အ​ခြေအ​နေ​ရောက်​နေသည်။ လည်ပင်းပွတ်လိုက် လက်​တွေပွတ်လိုက်နဲ့ စကား​ပြောရန်အရှိန်ယူ​နေသည်။

"​ဆောင်းဦးဟန် ​ပြောစရာရှိတာ​ပြော​လေ ... ငါအချိန်သိပ်မရဘူး"

"​​အေး ​ပြောမယ် ... ငါ​ရှေ့မျက်နှာ​နောက်ထားပြီး​ပြောပါရ​စေ ဦးဟန်မင်းမြတ်ကို​လေ ငါတို့ကုမ္ပဏီမှာရှယ်ယာဝင်​ပေးဖို့အတွက် မင်း​ပြော​ပေးပါလား ... အ​ဖေ​ထောင်ကျ​နေ​တော့ ကုမ္ပဏီက​တော်​တော်ယိုင်​နေပြီ ... ငါ​ပြောဖို့ကျ​တော့အဆင်မ​ပြေလို့ မင်းက​နေတစ်ဆင့်အကူအညီ​လေး​တောင်းခိုင်း​ချင်လို့ပါ"

"ငါ​ပြောကြည့်​ပေးမယ်​လေ မင်းတို့​ရောအဆင်​ပြေရဲ့လား"

"အင်း အဆင်​ပြေပါတယ် ... ငါလည်း​ဆေးကုသမှုခံယူ​နေတယ် မ​ဟေသီလည်းသူ့ဟာနဲ့သူနည်းနည်း​လေး​တော့ပုံမှန်အ​နေအထားပြန်​ရောက်လာပြီ ... ကုမ္ပဏီကနလန်ပြန်ထူနိုင်ဖို့အတွက်လိုအပ်​နေလို့ပါ ကူညီ​ပေးပါဦး​​သော်​ဇေ ... အရက်ကကိစ္စ​တွေအားလုံးအတွက် ငါ​တောင်းပန်ပါတယ်"

"အဲ့တာ​တွေပြန်​ပြောမ​နေပါနဲ့​တော့ မင်း​ပြောတာကိုငါဦးဟန်ကို​ပြောကြည့်​ပေးမယ် ... အခု​တော့ ငါသွား​တော့မယ်​နော်"

"​ကော်ဖီ​လေး​တောင်​သောက်မသွား​တော့ဘူးလား"

"ငါ​ကော်ဖီ​သောက်လို့မရလို့ပါ ငါသွားပြီ"

​သော်​ဇေသည် ဦးဟန်မသိ​အောင်ခိုးထွက်လာရသည်မို့ အိမ်ကိုမြန်မြန်ပြန်ရ​လေသည်။ ​သော်​ဇေအိမ်ပြန်​ရောက်သည့်အခါ ဦးဟန်သည်ဆိုဖာ​ပေါ်တွင်ထိုင်​နေ​လေသည်။

"ဦးဟန်!"

ဦးဟန်စိတ်ဆိုး​နေမှာ​တော့ကျိန်း​သေပါသည်။ ဦးဟန်၏မျက်နှာကိုကြည့်သည်နှင့် ဘယ်​လောက်စိတ်ဆိုး​နေလဲဆိုသည်ကိုခန့်မှန်းနိုင်သည်။ ဦးဟန်၏​ဘေးနားတွင်လည်း မ​နေ့တစ်​နေ့ကမှအလုပ်ခန့်ထားသည့်​အိမ်အကူကောင်မ​လေးကမတ်တပ်​လေးရပ်​နေသည်။ ​သော်​ဇေသည် အိမ်အကူ​ကောင်မ​လေးကိုချိန်းထားတာ​လေးရှိလို့သွားဦးမယ်လို့သာ​ပြောပြီးထွက်လာခဲ့သည်မို့ ​ကောင်မ​လေးကဦးဟန်ကို​ပြောပြလိုက်သည်မှာ ကျိန်း​​သေ​နေပါသည်။

သူနဲ့ကျွန်​တော် (Season - 3)Место, где живут истории. Откройте их для себя