အခန်း - 26

757 70 25
                                    

ကိုယ်ဝန် ၁၅ပတ်​ကျော်မှာ ဆူမို​လေးက အလှအပ​လေး​တွေဆို သ​​ဘောကျတတ်လာသည်။ မိန်းက​လေးဂါဝန်​လေး​တွေမြင်ရင်သ​ဘောကျသည်။ ဖိနပ်လှလှ​လေး​တွေ​တွေ့ရင် ပူဆာတတ်လာသည်။ ဆူမို​လေးနဲ့ဘယ်ကိုပဲသွားသွား လှတာ​လေးမြင်တာနဲ့ ဦးဟန်ကိုမျက်ဝန်းနက်နက်က​လေး​တွေနဲ့​မော့ကြည့်လာသည်။ ထိုမျက်ဝန်းနက်က​လေး​တွေကလည်း ​ဘေဘီ့ကိုချစ်ရင် ဝယ်​ပေးပါဦးဟန်လို့စကား​ပြော​နေသည်။ Morning sickness ဖြစ်တာလည်း​လျော့ကျသွားပြီး ဝိတ်ကလည်းအနည်းငယ်တက်လာသည်။ စွပ်ပြုတ်တို့ နွားနို့တို့ အရမ်းသ​ဘောကျနှစ်သက်ပြီး ချဥ်ချဥ်စပ်စပ်​တွေကိုပိုပြီးစားလာသည်။ ​သွေးသား​ပြောင်းလဲမှု​ကြောင့် ဆူမို​လေးရဲ့အသားအ​ရေ​တွေကပိုပြီးစို​ပြေလာပြီး နူးညံ့လာသည်။ ​

"​ဘေဘီ အဲ့တာဘာလုပ်​နေတာလဲ"

"ဟီး ​မေ​မေသင်​ပေးထားတာ ... က​လေး​လေး​တွေအတွက်အင်္ကျီ​လေး​တွေထိုး​ပေးမလို့"

ချည်လုံး​လေး​တွေကိုအလှခြင်းထဲထည့်ထားပြီး တင်ပလင်​ခွေထိုင်ထားသည့်ထဲထည့်ထားကာ သိုး​မွှေးထိုးရန်စတင်​နေသည်။ တစ်ခါတစ်​လေမှာ ပိုပိုပြီးနူးညံ့လာသည့်ဆူမို​လေးကဦးဟန်ကိုဆွဲ​ဆောင်​နေသလိုဖြစ်လာသည်မို့ ဦးဟန်စိတ်​တွေဂ​ယောက်ဂယက်လည်းဖြစ်ရသည်။

"မနက်ဖြန်ကျရင် နိုင်လင်းတို့လက်မှတ်ထိုးပွဲသွားမှာဆို​တော့​လေ ဒီည​တော့​နည်းနည်း​စော​စော​လေးအိပ်​နော်​ဘေဘီ"

"ဟုတ် ... ဒါ​လေးနည်းနည်း​လေးထိုးပြီးရင်အိပ်မယ်​လေ​နော်"

"​ရေအရင်မချိုးဘူးလားက​လေးငယ် ​ရေချိုးပြီးရင်ဆက်ထိုး​လေ​နော် ... အရမ်းမိုးမချုပ်ခင်ချိုးထားလိုက်​လေ"

"ရတယ်​လေ"

ဦးဟန်သည် သူ၏ခင်ပွန်း​လေးကို ​မွေးကင်းစက​လေး​ပေါက်စန​သေး​သေး​လေးသဖွယ်သ​ဘောထားပြီး ​ရေချိုးတာကအစသူကိုယ်တိုင်ချိုး​ပေး​လေ့ရှိသည်။ ​ရေချိုးခန်းထဲမှာတစ်ခုခုဖြစ်​နေမှာစိုးရိမ်တာ​ကြောင့် သူမရှိဘဲဆူမို​​လေးကိုဘာမှမလုပ်ခိုင်းပါ။

သူနဲ့ကျွန်​တော် (Season - 3)Hikayelerin yaşadığı yer. Şimdi keşfedin