အပိုင်း - 18

844 83 30
                                    

ဦးဟန် ​ကောင်​လေးနဲ့လက်ထပ်စာချုပ်တွင်လက်မှတ်ထိုးပြီးသည့်​နောက် အချိန်တစ်လ​လောက်ကြာသည့်အခါမှ ​ကောင်​လေးသည် ဦးဟန်ကိုပထမဦးဆုံးအကြိမ်စိတ်​ကောက်ခြင်းစတင်ပါ​တော့သည်။ ထို​နေ့က​ကောင်​လေးသည် အလုပ်မှအပြန် ဦးဟန်၏ရုံးသို့ရုတ်တရက်သွားလိုက်မိခြင်းကစတင်ပါသည်။

"​မောင်​လေးသော်​ဇေ​ရောက်လာတာလား ... ဒုဥက္ကဌအ​ရေးကြီးဧည့်သည်နဲ့​တွေ့​နေလို့ ခဏ​လေး​စောင့်​ပေးပါ​နော်"

"ရတယ်အစ်မ ကျွန်​တော်ဒီမှာပဲထိုင်​စောင့်​နေလိုက်မယ်"

အတွင်း​ရေးမှူးရုံးခန်းထဲကခုံတွင်ထိုင်​စောင့်​နေစဥ် ရုံးခန်းထဲမှဦးဟန်၏အခန်းသို့လှမ်းမြင်​နေရသည်မို့ ​ကောင်​လေးကဦးဟန်ကိုလှမ်းကြည့်​လိုက်မိသည်။ မြင်လိုက်ရသည့်မြင်ကွင်းမှာ ​ကောင်​လေးကိုမျက်​မှောင်ကြုံ့​စေသည်။

"အစ်မ အဲ့တစ်​ယောက်ကဘယ်သူလဲ"

မ​နေနိုင်လွန်းလို့ အတွင်း​ရေးမှူးအစ်မကို​မေးလိုက်မိသည်။

"သူက Steel Structure companyကမန်​နေဂျာ​လေ ... အစ်မတို့​လုပ်ငန်းအတွက်သူတို့ဆီက​နေပင်တိုင်ယူဖို့ဒုဥက္ကဌကိုလာညှိ​နေတာ"

အလုပ်အတွက်လာသည့်လူတစ်​ယောက်က ရယ်​မောပြုံးရွှင်ပြီး ဦးဟန်ကိုဟိုနားထိလိုက် ဒီနား​လေးကိုဖွဖွ​လေးရိုက်လိုက်နဲ့လုပ်​နေစရာ​တော့လိုမည်လို့​​သော်​ဇေမထင်ပါ။ ကြည့်​နေမြင်​နေရသည့်​တောက်​လျှောက် ထိုလူကဦးဟန်ကိုမထိသည့်အချိန်ဆိုတာမရှိ။ မြင်​နေရသည့်​သော်​ဇေ ​​ဒေါသထွက်လာသည်။ လိုက်ထိ​နေသည့်လူကိုမဟုတ်ဘဲ ငြိမ်ခံ​နေသည့်ဦးဟန်ကို ​သော်​ဇေအလိုမကျစွာဖြင့်​ဒေါသထွက်လာသည်။

"အစ်မ ကျွန်​တော်ပြန်​တော့မယ်"

"အယ် ခဏ​စောင့်လိုက် ..."

​သော်​ဇေသည်အစ်မ၏စကားကို​တောင်နားမ​ထောင်​တော့ဘဲ ရုံးခန်းထဲမှထွက်သွား​လေသည်။ အတွင်း​ရေးမှူးအစ်မလည်းရိပ်မိလိုက်သည်​ကြောင့် ဧည့်သည်နဲ့​တွေ့ဆုံ​နေသည့်ဒုဥက္ကဌဆီကိုအမြန်​ပြေးဝင်သွားလိုက်သည်။

သူနဲ့ကျွန်​တော် (Season - 3)Onde histórias criam vida. Descubra agora