ဦးအောင်မင်းလတ်၏နာရေးသို့ ကုမ္ပဏီကဝန်ထမ်းတွေနဲ့ အသိမိတ်တွေများ လာရောက်ကြသည်။ မိသားစုဝင်အနေနဲ့ကတော့ ဦးဟန်နဲ့ဆောင်းဦးဟန်တို့သာရှိပြီး ဆောင်းဦးဟန်၏အမေဖြစ်သူကတော့ နာရေးပြီးသည်အထိရောက်မလာခဲ့ပါ။ ချစ်ခြင်းတရားမပါဘဲမွေးဖွားလာရသည်ဆိုတာ ဆောင်းဦးဟန်ပိုပြီးသိလာရသည်။
"အစ်ကို ပြန်ရင်ပြန်လိုက်တော့လေ ... ကျွန်တော်တို့ဒီမှာညအိပ်လိုက်မယ်"
နာရေးအိမ်မှာညအိပ်ရန်အတွက် ဆောင်းဦးဟန်ကနေပေးမည်ပြောသော်လည်း ဦးဟန်ကဆောင်းဦးဟန်တို့နှစ်ယောက်တည်းတော့နေခွင့်မပြုပါ။
"အစ်ကိုလည်းနေပေးပါ့မယ်"
"အိမ်မှာသော်ဇေတစ်ယောက်တည်းကျန်ခဲ့တယ်မလား ... ဒီမှာက ကျွန်တော်တို့လင်မယားနေလို့ရပါတယ်"
"သော်ဇေနဲ့မေမေကအတူတူရှိနေပေးလိမ့်မယ် ... ဒီတစ်ညတော့ ငါမင်းတို့နဲ့အတူနေပေးပါမယ်"
ဦးဟန်ဘက်ကလည်းအဆင်ပြေနေသည်မို့ ဆောင်းဦးဟန်လည်းခေါင်းညိတ်လိုက်သည်။ ညဘက်မှာတော့ ညီအစ်ကိုနှစ်ယောက် ဝရန်တာမှာခြေဆင်းထိုင်ရင်း ကောင်းကင်ကြီးကိုမော့ကြည့်နေကြသည်။
"ဆောင်းဦးဟန် မင်းငါ့ကိုအရမ်းမုန်းနေသေးလား"
ဦးဟန်၏အမေးကိုဆောင်းဦးဟန်မဖြေသေးဘဲ ရယ်လိုက်မိသည်။ ဆောင်းဦးဟန်ရယ်လိုက်သည်ကြောင့် ဦးဟန်ကမျက်မှောင်ကျုံ့ပြီးကြည့်လာသည်။
"ကျွန်တော်ရင့်ကျက်နေပါပြီဗျာ ... အရင်ကကျွန်တော်သိထားတာမှားနေခဲ့တာပဲလေ ကျွန်တော်ကတောင်အစ်ကိုတို့ကိုပြန်တောင်းပန်ရဦးမှာ"
"ဘာပဲဖြစ်ဖြစ် မင်းကငါ့ညီပဲလေ ... တစ်ဦးတည်းသောငါ့ညီလေးပေါ့ ဖေဖေလည်းငါတို့ကိုမြင်ရပြီးပျော်သွားမှာပါ"
"ကဲ လက်ဖက်သုပ်ရပါပြီရှင် ... ညဘက်အိပ်မပျော်အောင်အများကြီးသုပ်လာတယ်"
"ကျေးဇူးပါဗျာ ... ငါ့ညီမလက်ရာစားကြည့်ရတာပေါ့"
ဦးဟန်လက်ဖက်သုပ်ပန်းကန်ကိုင်လိုက်ရုံရှိသေး ဆူမိုလေးဆီမှ Video call ဝင်လာလေသည်။ ဦးဟန်လက်ဖက်သုပ်ပန်းကန်ကိုပြန်ချလိုက်ပြီး .....
YOU ARE READING
သူနဲ့ကျွန်တော် (Season - 3)
Romanceဤဇာတ်လမ်း ဇာတ်ကွက်ဖြစ်ရပ်များသည် စာရေးသူ၏စိတ်ကူးယဥ်သပ်သပ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လ်ုစေခြင်းမရှိပါ။