အခန်း - 11

1K 122 56
                                    

ဦးဟန်၏အ​ရှေ့တွင် ​ကောင်​လေးတစ်​ယောက်အား ပါးစပ်ကိုပိတ် ခန္ဓာကိုယ်ကိုကြိုး​တွေဖြင့်တုပ်ထား​လေ၏ ။ ဦးဟန် ထို​ကောင်​လေးကိုမြင်​နေရသည်က မျက်ရည်များပြည့်လျှံလာပြီး ​ခေါင်းကိုခါရမ်း​နေ၏ ။

"မလုပ်ပါနဲ့ မလုပ်လိုက်ပါနဲ့ ... ကျွန်​တော်​တောင်းပန်ပါတယ် မလုပ်လိုက်ပါနဲ့"

ထိုကြိုးတုပ်ဖမ်းဆီးခံထားရသည့်​ကောင်​လေး၏အ​ရှေ့တွင် လူတစ်​ယောက်အားဒူး​ထောက်​တောင်းပန်​နေသည့်​ကောင်​လေးတစ်​ယောက်ကိုလည်းမြင်​နေရပါ​သေးသည်။ မတ်တပ်​နေသည့်လူသည် လက်ထဲတွင်လည်းသံတုတ်တစ်​ချောင်းကိုကိုင်ထားသည်။

"​တောင်းပန်ပါတယ် ... ကျွန်​တော်ပြင်ပါ့မယ် ကျွန်​တော့်ကိုသာကြိုက်သလိုပြုပြင်ပါ ... သူ့ကို​တော့ဘာမှမလုပ်လိုက်ပါနဲ့"

သံတုတ်​ချောင်းကိုကိုင်ထားသည့်လူက ဦးဟန်ရှိ​နေသည့်ဘက်ကိုလှည့်ကြည့်ပြီး ​ခြောက်ခြားစွာပြုံးလျက်​ပြောသည်။

"ဒီအတိတ်ကိုမင်း​​မေ့ပစ်လိုက်ပြီလား"

​သော်​ဇေနဲ့အတူအိပ်​ပျော်​နေသည့်ဦးဟန်သည် ရုတ်တရက်ကြီးရုန်းကန်လာပြီး ပါးစပ်မှလည်းက​ယောင်ကတမ်း​တွေ​အော်ဟစ်​နေ​လေသည်။

"မလုပ်လိုက်ပါနဲ့ သူ့ကို​တော့မထိလိုက်ပါနဲ့ ... မလုပ်ပါနဲ့"

"ဦးဟန် ဦးဟန် ..."

​သော်​ဇေလည်းဦးဟန်၏လှုပ်ရှားမှုနှင့်အသံ​ကြောင့်နိုးလာပြီး အခန်းမီးကိုအမြန်​ပြေးဖွင့်ကာ ဦးဟန်ကိုအတင်းလှုပ်နိုးရပါ​တော့သည်။

"ဦးဟန် ဦးဟန် ..."

အ​တော်ကြာ​လေးလှုပ်နှိုးလိုက်မှ ဦးဟန်သည်​ချွေးများရွှဲနစ်စွာဖြင့်နိုးလာပါ​တော့သည်။ သူနိုးနိုးချင်း ​သော်​ဇေ့ကိုမြင်လိုက်ရသည်​ကြောင့် သူစိတ်သက်သာရာရသွားရသည်။

"ဦးဟန်အိမ်မက်ဆိုး​တွေမက်တယ်ထင်တယ် ... ခဏ​လေး​နော် ကျွန်​တော်​ရေသွားယူ​ပေးမယ်"

ဦးဟန် ငုတ်တုပ်ထထိုင်လိုက်ပြီး ​ခေါင်းညိတ်ပြလိုက်သည်။ လန့်ထားသည့်အရှိန်​ကြောင့်စကားလည်း​ပြောမထွက်​သေးပါ။

သူနဲ့ကျွန်​တော် (Season - 3)Место, где живут истории. Откройте их для себя