ဦးဟန်၏ကားပေါ်တွင်ပါလာသည့်သော်ဇေကလမ်းတစ်လျှောက် ဘာမှမပြောဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။ ဦးဟန်သည် သော်ဇေ့ကိုအိမ်ပြန်မပို့ပေးဘဲ သူ့ကွန်ဒိုသို့သာခေါ်လာခဲ့လိုက်သည်။
"ဦးဟန် လမ်းက ..."
လမ်းသွားတာသူ့အိမ်သွားသည့်လမ်းမဟုတ်တော့ သော်ဇေ့ဆီမှအသံထွက်လာလေသည်။
"အင်း ကလေးကိုကိုယ့်တိုက်ခန်းမှာထားခဲ့မလို့ ... ကိုယ်အလုပ်ပြန်သွားရမှာမို့လို့လေ ... ကိုယ်ညနေပြန်မရောက်ခင် ကလေးဆီကိုပစ္စည်းအချို့ပို့ပေးလိုက်မယ် အဲ့တာတွေနဲ့သေချာပြင်ဆင်ထား ... ကိုယ်နဲ့အတူတူအပြင်မှာညစာသွားစားကြမယ်"
"ဟုတ် ရပါတယ် ... ခုဏကအတွက်လည်းကျေးဇူးတင်ပါတယ်"
"ကိုယ်သိပ်မကြာပါဘူး ... ခဏပဲသွားပြီးပြန်လာမှာ"
"ဟုတ်"
သော်ဇေ့ကိုကွန်ဒိုအထိလိုက်ပို့ပေးပြီး ဟန််မင်းမြတ်ကရုံးကိုခဏပြန်သွားလေသည်။ တိုက်ခန်းထဲသို့ဝင်ရန် ဦးဟန်ကသူ့ကိုကဒ်ကလေးပေးလိုက်သည်။ တိုက်ခန်းထဲဝင်ရန် ထိုကဒ်ရှိမှသာဝင်နိုင်ခဲ့သည်။ သော်ဇေကဒ်ကလေးကိုယူသွားပြီး ကွန်ဒိုထဲသို့ဝင်သွားသည်။
"ဟယ်လို!"
ဓာတ်လှေကားစီးနေစဥ် ဆောင်းဦးဟန်သူ့ဆီဖုန်းဆက်လာသည်။
"ညကျရင် ငါ့အိမ်မှာစားဖို့သောက်ဖို့ရှိတယ် ... မင်းလာခဲ့နော် ငါစောင့်နေမယ်"
"ဘယ်အချိန်လဲ"
"၆နာရီလောက်ပေါ့ကွာ ... မင်းလာလို့အဆင်ပြေတယ်မလား"
"အေး အဆင်ပြေရင်လာခဲ့မယ်"
ဆောင်းဦးဟန် သော်ဇေ၏အဖြေကိုမကြိုက်ပါ။ အရင်ကဆို "အေး ငါလာခဲ့မယ်" ဟုသာ အမြဲတမ်းဖြေနေသူက အခုတော့ အဆင်ပြေရင်လာခဲ့မယ် ဟူသောအဖြေကိုပေးသည်။ ပေါင်းလာသည့်သက်တမ်းတလျှောက် သူ့အပေါ်ဂရုတစိုက်ရှိပေးခဲ့ပြီး အခုမှပြောင်းလဲစပြုလာသည်ကို ဆောင်းဦးဟန်သတိထားမိနေသည်။
"အေးပါ ငါစောင့်နေမယ်နော်"
ဦးဟန်အခန်းကိုရောက်သည်နှင့် ဧည့်ခန်းကဆိုဖာပေါ်တွင် ကွေးကွေးလေးလှဲနေလိုက်သည်။ ဦးဟန်ကသူ့အပေါ်အရမ်းကောင်းသည်။ သူ့ကိုအလေးအနက်ထားသည်။ ဆောင်းဦးဟန်နဲ့ယှဥ်လျှင် ဦးဟန်ကအမှတ်ပြည့်အမြဲရသည်။ သို့ပေမဲ့ သူကဆောင်းဦးဟန်ကိုအတော်စွဲလန်းနေမိသည်။ သူဒီစွဲလန်းစိတ်ကိုဘယ်လိုဖြတ်ရမည်နည်း။ သူဦးဟန်အကြောင်းကိုတွေးကြည့်လိုက် ဆောင်းဦးဟန်အကြောင်းကိုတွေးကြည့်လိုက်နဲ့အိပ်ပျော်သွားခဲ့လေသည်။
YOU ARE READING
သူနဲ့ကျွန်တော် (Season - 3)
Romanceဤဇာတ်လမ်း ဇာတ်ကွက်ဖြစ်ရပ်များသည် စာရေးသူ၏စိတ်ကူးယဥ်သပ်သပ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လ်ုစေခြင်းမရှိပါ။