"ခွမ်း!!!"
နံရံဘက်သို့ပစ်ပေါက်ခံလိုက်ရသည့်ဖန်ခွက်ကလေးတစ်ခွက်။ ဆောင်းဦးဟန်အခန်းထဲသို့ဝင်လာသည့်အချိန်သည် ဖန်ခွက်ကိုပစ်ပေါက်လိုက်သည့်အချိန်နဲ့ကွက်တိကျနေသည့်အခါ ဆောင်းဦးဟန်မျက်နှာသို့ဖန်ကွဲစတစ်ချို့စင်သွားလေသည်။
"မဟေသီ မင်းဘယ်လိုလုပ်လိုက်တာလဲ"
မဟေသီကဆိုဖာပေါ်တွင်ထိုင်လိုက်ပြီး အားရပါးရထိုင်ရယ်လိုက်သည်။ ဆောင်းဦးဟန်ကိုသေချာကြည့်ပြီး ထိုင်ရယ်နေသည်။
"မဟေသီ မင်းဘာဖြစ်နေတာလဲ ... ရူးသွားပြီလား"
မဟေသီသည်ရယ်မောနေသည်ကိုရပ်တန့်လိုက်ပြီး ဆောင်းဦးဟန်အနားသို့လျှောက်လာကာ ဆောင်းဦးဟန်ကိုဖက်လိုက်သည်။
"အင်း ချစ်တော့ရူးနေပြီထင်ပါတယ်ကိုရယ် ... အချစ်ကြောင့် မဟေသီတစ်ယောက်တော့ရူးသွားပြီထင်ပါတယ် ... ကိုရော မဟေသီ့ကိုချစ်သေးရဲ့လား"
"ချစ်တာပေါ့ကောင်မလေးရယ် ... ကိုယ့်မှာဒီကောင်မလေးတစ်ယောက်တည်းရှိတာ ဒီကောင်မလေးကိုမချစ်ဘဲနေပါ့မလား"
မဟေသီ ပြုံးရုံလေးသာပြုံးလိုက်ပြီး "ဒီနေ့လုပ်ရပ်ကို ကိုသိသွားရင် ချစ်ကိုချစ်နေနိုင်ပါဦးမလားဆိုတာအရမ်းသိချင်မိတယ်" ဆိုသောစကားကို စိတ်ထဲမှရွတ်ဆိုလိုက်သည်။ ဆောင်းဦးဟန်လည်း မဟေသီ့ကိုတင်းတင်းကြပ်ကြပ်ပြန်ဖက်ထားလိုက်ပြီး နဖူးလေးကိုနမ်းလိုက်သည်။ သူ့အလှည့်ကျရင်တော့ ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုတည်ဆောက်နိုင်ရမည်ဆိုသည့်အတွေးကိုခေါင်းထဲအမြဲထည့်ထားလေသည်။
"ချစ်မှာဘာစိတ်ညစ်စရာရှိလို့လဲ ... ဖန်ခွက်ကိုတောင်ခွဲပစ်လိုက်ရအောင် ဘယ်သူကများကိုယ့်ရဲ့မဟေသီ့ကိုစိတ်တိုအောင်လုပ်လိုက်ရတာလဲ"
"ဒီအတိုင်းပဲ ဘာလို့များဆောင်းဦးဟန်ကိုအရမ်းချစ်မိသွားရတာလဲဆိုတာတွေးမိလာလို့"
"ဟား ဒါဆိုကိုယ်ကတရားခံဖြစ်နေတာပေါ့ ... ကိုယ်ကလည်းချစ်ကိုအရမ်းချစ်ပါတယ်ဗျာ"
ဆောင်းဦးဟန်၏စကားကြောင့် မဟေသီသည်ပျော်ရွှင်သွားကာ ဆောင်းဦးဟန်ကိုပို၍တိုးကာဖက်ထားလိုက်လေတော့သည်။
YOU ARE READING
သူနဲ့ကျွန်တော် (Season - 3)
Romanceဤဇာတ်လမ်း ဇာတ်ကွက်ဖြစ်ရပ်များသည် စာရေးသူ၏စိတ်ကူးယဥ်သပ်သပ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လ်ုစေခြင်းမရှိပါ။