အခန်း - 13

981 100 54
                                    

"ဒီဘက်ကိုကြွပါအစ်ကို​လေး"

ဒီ​နေ့ နိုင်လင်းသည်မင်း​သွေးစက်ဆီ၌အလုပ်စဝင်ရသည့်​နေ့ဖြစ်သည်။ မနက်​စော​စောသူ့အိမ်ကိုလာခဲ့ရန်အမိန့်​ပေးထားသည်မို့ အလုပ်ချိန်မတိုင်မီ မင်း​သွေးစက်၏အိမ်သို့​ရောက်လာရသည်။ သူ့ကိုလမ်းပြ​ပေးသည့်မိန်းက​လေးကတံခါးချပ်နှစ်ချပ်ဖြင့်ဖွဲ့စည်းထားသည့်အခန်းတံခါးအကြီးကြီးအ​ရှေ့သို့​ရောက်သည့်အခါရပ်တန့်လိုက်ပြီး အခန်းတံခါးကို​ဖြည်းဖြည်းညှင်သာစွာခေါက်လိုက်သည်။

"အစ်ကို​သွေးစက်ရှင့် အစ်ကို​လေးနိုင်လင်း​ရောက်ပါပြီ"

"အထဲကိုလွှတ်လိုက်"

"ဟုတ်ကဲ့ပါ"

မင်း​သွေးစက်၏အိမ်ကြီးသည် သုံးထပ်ကိုမှခြံအကျယ်ကြီးထဲတွင်တည်ရှိသည်။ အိမ်ကြီးကိုကြည့်သည်နှင့်မင်း​သွေးစက်၏ချမ်းသာကြွယ်ဝမှုကအတိုင်းအတာမရှိဆိုတာကိုသိနိုင်သည်။ ချမ်းသာတဲ့လူ​တွေကျ​တော့လည်းချမ်းသာလိုက်ကြတာ ဘိန်းများ​မှောင်ခိုသွင်းကြ​လေသလားလို့ နိုင်လင်းစိတ်ထဲတွင်​တွေး​နေမိသည်။

"မင်းထွက်သွားလို့ရပြီ"

"ဟုတ်ကဲ့"

နိုင်လင်းကိုလမ်းပြ​ပေးသည့်​ကောင်မ​လေးကအခန်းအပြင်ဘက်ကိုထွက်သွားပြီး အခန်းတံခါးကြီးကိုပိတ်သွား​လေသည်။ နိုင်လင်းသည် အ​ရှေ့လည်းမတိုးအ​နောက်လည်းမဆုတ်ဘဲ အခန်းတံခါးအနားတွင်သာ​တောင့်​တောင့်ကြီးရပ်​နေ​လေသည်။ မင်း​သွေးစက်၏အခန်းကြီးသည် သူတို့ရပ်ကွက်တစ်ကွက်စာ​လောက်ကျယ်​လောက်သည်ကိုလည်းစိတ်ထဲမှာတွက်ချက်​နေ​သေးသည်။

"ဒီနားကိုတိုးလာခဲ့"

"ဗျာ!"

"မင်းကိုငါ့အနားလာခဲ့လို့​ပြော​နေတာ ငါစကားကိုနှစ်ခါထပ်မ​ပြောချင်ဘူး"

"ဟုတ်"

နိုင်လင်း ​ကြောက်ရွံ့စွာနဲ့ပဲမင်း​သွေးစက်အနားကို​ရောက်သွား​လေသည်။ မင်း​သွေးစက်သည် သူ့မျက်နှာကို​သေချာ​မော့ယူပြီးကြည့်​နေ​လေသည်။ နိုင်လင်းလည်းထိတ်လန့်​နေ​တော့ အသက်ပင်မရှူမိပါ။ မင်း​သွေးစက်၏နှုတ်ခမ်း​လေးမသိမသာ​ကွေးတက်သွားသည်။

သူနဲ့ကျွန်​တော် (Season - 3)Where stories live. Discover now