အခန်း - 4

1K 105 18
                                    

​ကျောင်းကန်တင်း၏ ​​ကော်ဖီ​ကောင်တာ​လေးတစ်ခု၏အ​ရှေ့တွင် ​သော်​ဇေမတ်တပ်ရပ်​စောင့်​နေ​လေသည်။ ​ဆောင်းဦးဟန်ကြိုက်တတ်သည့် ​ကော်ဖီခါးခါး​လေးတစ်ခွက်ကိုဝယ်ရန်​စောင့်​နေခြင်းဖြစ်သည်။

"အစ်မ ​ကော်ဖီ​အေးတစ်ခွက်ပါ​ပေးပါ​နော်"

"ဟုတ်ကဲ့​မောင်​လေး ခဏ​လေး​စောင့်​ပေးပါ​နော်"

​ကော်ဖီခါးခါးတစ်ခွက်နဲ့​ကော်ဖီ​အေးတစ်ခွက်ရတာနဲ့ ​သော်​ဇေဆိုင်ထဲမှထွက်လာခဲ့လိုက်သည်။ ​ဆောင်းဦးဟန်အတွက်ဆိုပြီးဝယ်လာသည်က အခန်းထဲ​ရောက်သည့်အခါ အလကားဖြစ်​သွားမှန်းသိလိုက်ရသည်။ ပြဿနာဖြစ်ပြီးကတည်းက ​သော်​ဇေ​ကျောင်းမတက်တာငါးရက်တိတိရှိခဲ့သည်။ ယ​နေ့​​ကျောင်းပြန်တက်သည်နှင့် ​ဆောင်းဦးဟန်အတွက်လုပ်​ပေး​နေကျအရာ​တွေကိုလုပ်​ပေး​​နေပြန်သည်။

"ဟုတ်သား ... သူ့မှာ​ကောင်မ​လေးရှိ​နေပြီ​လေ"

မ​ဟေသီက သူ့​ကောင်​လေး​ဆောင်းဦးဟန်အတွက် ​ကော်ဖီခါးခါးတစ်ခွက်ယူလာ​ပေးနှင့်ပြီးသားဖြစ်​နေသည်။ ​သော်​ဇေလက်ထဲက​ကော်ဖီခွက်ကိုဘာလုပ်ရမှန်းမသိဖြစ်​နေစဥ်တွင် သူ့အနားကို​ကောင်​လေးတစ်​ယောက်လာရပ်သည်။

"ငါ့ကို​ပေးမလား ငါ​သောက်​ပေးမယ်"

​သော်​ဇေလည်းအရှက်မကွဲချင်၍ ထို​ကောင်​လေးကို​ကော်ဖီတစ်ခွက်​ပေးလိုက်သည်။ သူ့အ​​ပေါ်​ဆောင်းဦးဟန်ကဘယ်လိုပင်ပြုမူ​နေပါ​စေ သူက​တော့လုပ်​ပေး​နေကျအရာ​လေး​တွေကို မပျက်မကွက်နဲ့လုပ်​ဆောင်​နေမိပါ​သေးသည်။

#ကောင်​လေး ကိုယ်ပြန်​ရောက်​နေပြီ#

​သော်​ဇေ ငူငူငိုင်ငိုင်ဖြင့်​တွေး​တော​နေစဥ် ဖုန်းထဲသို့ဝင်လာသည့်စာ​လေးတစ်​စောင်ဝင်လာသည်။ ပို့လာသူက ဦးဟန်။ သူပြန်​ရောက်​နေပြီဆိုတာ သူ့ကိုအ​သိ​ပေးထားသည့်စာ​လေးတစ်​စောင်ဖြစ်​နေသည်။

"ဦးဟန်ကငါ့အ​ပေါ်ဘာလို့အဲ့​လောက်​တောင် အ​လေးထားပြီး​ကောင်း​ပေး​နေရတာလဲ"

ဦးဟန်စာပို့ပြီးသည်နှင့် အစည်းအ​ဝေးခန်းမထဲသို့တန်းဝင်လိုက်​လေသည်။ ခုံတန်းရှည်ကြီး၏ထိပ်ဆုံးတွင် ဦးဟန်ထိုင်လိုက်သည်။ LAမှာရုံးခန်းဖွင့်ဖို့နဲ့အ​ရောင်းဆိုင်တည်​နေရာကိုသူကိုယ်တိုင်သွားကြည့်ပြီး ရရှိလာသမျှသတင်းအချက်အလက်​တွေကို ဝန်ထမ်း​တွေနဲ့​ဆွေး​နွေးရန် အစည်းအ​ဝေး​ခေါ်ထားခြင်းဖြစ်သည်။

သူနဲ့ကျွန်​တော် (Season - 3)Where stories live. Discover now