"မောင်သော်ဇေ စာရင်းတွေဒီနေ့အပြီးလိုချင်တယ်နော် ... ညနေကျရင် အစ်မစားပွဲပေါ်ကိုလာတင်ပေးထားလိုက်"
ယနေ့သည် သော်ဇေအလုပ်ဆင်းရသည့်ရက်မို့ အရှေ့ကတစ်ယောက်လုပ်သွားသည့်စာရင်းတွေကိုအပြီးသတ်ပေးရမည်ဖြစ်သည်။ နေ့လယ်စာစားနေသည့်အချိန် စီနီယာအစ်မကလာပြောတော့ သော်ဇေလည်းစာရင်းတွေမပြီးမှာကိုစိုးရိမ်သွားသည်။ ထမင်းကိုမြန်မြန်စားလိုက်ပြီး တနေ့ခင်းလုံး ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်လုပ်နေရသည်။
"အား ....."
စာရင်းတွေပြီးလို့ Stick လေးသွားပေးမည်လုပ်သည့်အချိန် ဗိုက်ထဲမှဆူးခနဲအောင့်လာလေသည်။ သော်ဇေအနည်းငယ်လန့်သွားသည်။ သူ့ဗိုက်ကလေးပေါ်လက်တင်လိုက်ပြီး .....
"ကလေးလေး ဒီနေ့အရမ်းပင်ပန်းသွားရတယ်မလား ... ညရောက်ရင်ဖေဖေတို့ကောင်းကောင်းအနားယူကြမယ်လေနော် ညရောက်ရင်ဒယ်ဒီနဲ့ဆိုဇိမ်ပဲလေနော် ... အခုတော့ လိမ်လိမ်မာမာလေးနေနော်ကလေးလေး"
သော်ဇေနေရာမှထလိုက်ပြီး စီနီယာအစ်မ၏စားပွဲပေါ်သို့ လုပ်ထားသည့်စာရင်းလေးတွေစုထားသည်လေးကို တင်ထားပေးလိုက်သည်။ အလုပ်ဆင်းချိန်လည်းရောက်ပြီမို့ ဦးဟန်ကိုရုံးအရှေ့မှာထွက်စောင့်နေလိုက်သည်။ ခဏကြာသည့်အခါ ဦးဟန်ရောက်လာလေသည်။
"ဘေဘီ့အတွက် ကိုယ်နို့ဝယ်လာတယ် ... နွေးနွေးလေးလုပ်ထားလို့သောက်လို့ရတယ် သောက်လိုက်"
"တကယ့်ကိုဦးဟန်အပြင်မရှိတော့ဘူး ... ကျေးဇူးတင်ပါတယ်"
"ဟုတ်ပါပြီဗျာ"
ဦးဟန်သည် ဆူမိုလေး၏လက်ထဲသို့ နွားနို့ဗူးလေးထည့်ပေးလိုက်ပြီး ခါးပတ်လေးပတ်ပေးလိုက်သည်။
"ကိုယ်ဒီနေ့ဆောင်းဦးဟန်နဲ့သွားတွေ့လာတယ် ကိုယ်သူတောင်းဆိုတာကိုလက်ခံပေးလိုက်ပြီ ... ဘေဘီလည်းပျော်တယ်မလား"
ဆူမိုလေးမျက်နှာလေးကချက်ချင်းကိုဝင်းတက်လာပြီး ဦးဟန်ကိုကြည့်လာသည်။ ဦးဟန်ကပြုံးလိုက်ပြီး .....
"ကိုယ်ကမင်းနဲ့ပတ်သက်လာရင်ဘယ်အရာကိုမှမငြင်းဆန်နိုင်ဘူးဆိုတာသိလား ... အခုလည်း ဆူမို့သူငယ်ချင်းအနေနဲ့ကိုယ်လက်ခံပေးလိုက်တယ်"
YOU ARE READING
သူနဲ့ကျွန်တော် (Season - 3)
Romanceဤဇာတ်လမ်း ဇာတ်ကွက်ဖြစ်ရပ်များသည် စာရေးသူ၏စိတ်ကူးယဥ်သပ်သပ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လ်ုစေခြင်းမရှိပါ။