အခန်း - 31

718 67 32
                                    

"ဦးဟန် ဦးဟန် ... ကျွန်​တော် ​ရေမွှာ​ပေါက်သွားပြီထင်တယ်"

ည ၁၂ နာရီ​ကျော်မှာ ဆူမို​လေးကဦးဟန်ကိုလက်ကုပ်နှိုးပြီး​ပြော​လေသည်။ ဦးဟန် ချက်ချင်းထပြီး အခန်းမီးကိုဖွင့်ကြည့်လိုက်သည့်အခါ အိပ်ရာ​ပေါ်မှာ​ရေ​တွေရွှဲစို​နေ​လေသည်။

"​ဘေဘီ အခုမှ၈လထဲဝင်ခါစပဲရှိ​သေးတယ်​လေ ... မ​ကြောက်နဲ့​နော် ကိုယ်တို့​ဆေးရုံသွားကြမယ် ... ဗိုက်​ရောနာလား"

"ဟင့်အင်း ကျွန်​တော်ဘာမှမခံစားရဘူး"

"စိတ်မပူနဲ့​နော် ကိုယ်ရှိတယ် ... အခု ​ဘေဘီမတ်တပ်ရပ်နိုင်လား"

"ဟင့် ကျွန်​တော်​ခြေ​ထောက်​တွေတုန်​နေတယ်"

"ဘာမှမဖြစ်ဘူး မငိုနဲ့ ... ကိုယ်လုပ်​ပေးမယ်"

ဆူမို​လေးကိုအင်္ကျီပွပွ​လေးတစ်ထည်နဲ့​ဘောင်းဘီခပ်ပွပွ​လေးတစ်ထည်လဲ​ပေးပြီး စို​နေသည့်အင်္ကျီနဲ့​ဘောင်းဘီကို​ရေချိုးခန်းထဲသို့ပစ်ထည့်ခဲ့လိုက်သည်။

"ဒီမှာခဏ​လေးထိုင်​နေ​နော် ကိုယ်​မေ​မေ့ကိုသွားနှိုးလိုက်အုန်းမယ်"

"ဟုတ် မြန်မြန်ပြန်လာ​နော်"

ဆူမို​လေးသည် သူ့ဗိုက်က​လေးသူပွတ်ပြီးဗိုက်ထဲကက​လေး​တွေဘာမှမဖြစ်​စေဖို့သာဆု​တောင်း​ပေး​နေသည်။

"​မေ​မေ ​မေ​မေ ... ​မေ​မေ ထပါအုန်း ... ဆူမို​ရေမွှာ​ပေါက်သွားပြီ သားတို့​ဆေးရုံသွားမလို့"

"​ဟေ ​ဟေ ... အ​စောကြီးရှိ​သေးတယ်​လေ"

"ဟုတ်တယ်​မေ​မေ အဲ့တာ​ကြောင့်​ဆေးရုံသွားမလို့ ... ဆူမို​ကြောက်​နေလို့ ​ဆေးရုံမြန်မြန်သွားမှဖြစ်မယ် ... သားဟို​ရောက်လို့အ​ခြေအ​နေသိရရင်ဖုန်းလှမ်းဆက်​ပေးမယ် အဲ့​တော့မှ​မေ​မေလိုက်လာခဲ့လိုက်​နော်"

"​အေး​အေး မြန်မြန်သွားကြ"

ဆူမို​လေးသည်​ကြောက်​​နေလို့လမ်း​တောင်မ​လျှောက်နိုင်ဘဲ ဒူး​တွေတုန်​နေသည်။ ဆူမို​လေးကို ဦးဟန်က​ပွေ့ချီပြီးကား​ပေါ်တင်လိုက်သည်။ ဆူမို့မျက်နှာ​လေးကငိုမဲ့မဲ့​လေးနဲ့ကား​ပေါ်ပါသွား​လေသည်။

သူနဲ့ကျွန်​တော် (Season - 3)Место, где живут истории. Откройте их для себя