"Daddy ... အလင်းကားတိုက်မိလို့"
မနက်၁၁နာရီကျော်လောက် ဝင်လာသည့်ဖုန်းကြောင့် မင်းသွေးစက် မျက်လုံးပြူးသွားရသည်။
"အလင်း ဘာဖြစ်သွားသေးလဲ ... ဆေးရုံမှာလား ဘယ်ဆေးရုံလဲ ... ဒဏ်ရာများလား"
"မဟုတ်ဘူး ... အလင်းရဲစခန်းမှာကိုကို"
"ကိုယ်လာခဲ့မယ်နော်"
အလင်းပို့ပေးလာသည့်လိပ်စာအတိုင်းလာရင်း ရဲစခန်းသို့ရောက်လာခဲ့ရသည်။ ခုံတန်းရှည်လေးမှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး ခေါင်းလေးငုံ့ထားသည့် သူ့ခင်ပွန်းလေးကိုတွေ့လိုက်ရပါသည်။ အလင်းအနားသို့မပြေးရုံတမယ်လျှောက်သွားလိုက်ပြီး ...
"ကြည့်ရအောင် ဘယ်နားထိခိုက်မိသွားသေးလဲ"
"ဒီနား ..."
သူ့ရင်ဘတ်ကလေးကိုသူလက်ညှိုးထိုးပြပြီး သူအရမ်းလန့်သွားကြောင်းပြောလာသည်။ ဘယ်လိုဘယ်ပုံဖြစ်ခဲ့သလဲ မင်းသွေးစက်သေချာမသိရသေးပါ။
"ဘယ်လိုဖြစ်တာလဲအလင်း"
"အလင်းက ဟိုနားမှာထိုင်နေတဲ့ဦးလေးကြီးရဲ့ကားကို အနောက်ကနေမတော်တဆကလေးဝင်တိုက်မိတာ ... အဲ့တာကို အဲ့ဦးလေးကြီးကကားပေါ်ကဆင်းလာပြီးဘေဘီ့ကိုအော်တယ်ကိုကို အဲ့တာကြောင့်ဘေဘီလန့်သွားတာ"
အမှားကတော့ သူ့ကလေးဘက်ကအမှားဖြစ်နေပေမယ့် ဒီလူကသူ့ကလေးကို ဘာအော်စရာအကြောင်းရှိလို့အော်ရတာလဲ။ အမှားကိုတော့ဝန်ခံမှာဆိုပေမယ့် အော်တာအတွက်တော့ ထိုလူနဲ့မင်းသွေးစက်စကားနည်းနည်းတော့ပြောရတော့မည်။
"အာမခံနဲ့မို့ လျော်ကြေးကများမယ်ထင်တယ်ကိုကို ... သူ့ကားအနောက်ခြမ်းကြီးတော်တော်ထိသွားတယ်"
"ဘာမှမဖြစ်ဘူးဘေဘီ ကိုယ်ရှင်းလိုက်မယ် ..."
"ဟုတ်"
ကလေးညွှန်ပြသည့်လူဆီသို့ သွေးစက် လျှောက်သွားလိုက်သည်။ မိမိကိုယ်ကိုလည်းမိတ်ဆက်ရင်း အလင်းရဲ့အမှားအတွက် သူအရင်တောင်းပန်လိုက်သည်။
YOU ARE READING
သူနဲ့ကျွန်တော် (Season - 3)
Romanceဤဇာတ်လမ်း ဇာတ်ကွက်ဖြစ်ရပ်များသည် စာရေးသူ၏စိတ်ကူးယဥ်သပ်သပ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လ်ုစေခြင်းမရှိပါ။