မီးမဖွားမီ ၅ ရက်အလို .....
"ဒေါက်တာ!"
ဒီနေ့ဟာ ရက်ချိန်းလည်းမဟုတ်ပါလျက်နဲ့ သော်ဇေ ဒေါက်တာနော်ဖောဆီသို့ရောက်လာခဲ့သည်။ သော်ဇေ နုနုယွယွကလေးပြုံးပြရင်း ဒေါက်တာနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်။
"သော်ဇေ ဒီနေ့ရက်ချိန်းမဟုတ်ဘဲနဲ့ရောက်လာတယ် ... ဟန်မင်းမြတ်လည်းမပါပါလား"
"ဟုတ် ဦးဟန်မသိအောင်ထွက်လာတာပါ ... ကျွန်တော်ပြောစရာလေးရှိလို့ပါ"
"အင်း ပြောလေသော်ဇေ ... ဒေါက်တာဘာကူညီပေးရမလဲ"
သော်ဇေ နူးနူးညံ့ညံ့ကလေး ထပ်မံ၍ပြုံးပြပြန်သည်။
"အကယ်၍ ကျွန်တော်နဲ့ကလေးတွေကိုရွေးချယ်လာရမယ်ဆိုရင်လေ ကလေးတွေကိုပဲရွေးချယ်ပေးပါနော် ... ကျွန်တော်မရှိတော့ရင်တောင် ဦးဟန်အတွက်မြတ်နိုးရမယ့်အသွေးအသားလေးတွေချန်ထားခဲ့ချင်လို့ပါ ... ကျိန်းသေပေါက်ကလေးတွေကိုရွေးရမယ်နော် ဦးဟန်ကကျွန်တော့်ကိုရွေးခိုင်းလည်း ကလေးတွေကိုပဲရွေးပေးပါ ... အန္တရာယ်များတာလည်းသိတာမို့လို့ ကျွန်တော်စိတ်ကိုအကောင်းဆုံးပြင်ဆင်ထားပါတယ်"
ဒေါက်တာနော်ဖော ခဏတာတော့ဆွံ့အသွားခဲ့ရသည်။ သော်ဇေကဟန်မင်းမြတ်ကိုချစ်တာသိပေမဲ့ ဒီလောက်အထိအသက်နဲ့ရင်းပြီးချစ်တယ်ဆိုတာကိုတော့ ဒေါက်တာကိုယ်တိုင်မထင်မှတ်ထားမိပါ။ ခဏတာအတွင်းမှာသိလိုက်ရတာကတော့ သော်ဇေဟာဟန်မင်းမြတ်ကိုအသက်ထက်မကပိုပြီးချစ်တယ်ဆိုတာရယ် ယောကျာ်းလေးနှစ်ယောက်ဖြစ်နေသော်ငြားလည်းသူတို့အချစ်တွေဟာ သာမန်အတွဲတွေလိုမျိုးခမ်းနားကြသည်ဆိုတာပါပဲ။ ဒေါက်တာ ရင်ဖိုလှိုက်မောဖွယ်ခံစားမိလိုက်ရပြီး မျက်ရည်တွေပါဝဲတက်လာရသည်။
"သော်ဇေ အသက်တွေကိုကယ်ရမှာကဒေါက်တာ့အလုပ်ပါ ... ဒေါက်တာကဘယ်သူ့ကိုမှလက်မလွှတ်နိုင်ဘူး ... မင်းရော ကလေးတွေရော ဒေါက်တာ့လက်နဲ့ရအောင်မွေးထုတ်ပေးမှာ ... မင်းလည်းကလေးအတွက်တွေးပြီးအားတင်းထားပါ မလွယ်မှန်းသိပေမဲ့စိတ်ကိုမလျှော့ချလိုက်နဲ့ ... မင်းရောကလေးတွေရော ဘယ်မှထွက်မသွားရဘူး"
YOU ARE READING
သူနဲ့ကျွန်တော် (Season - 3)
Romanceဤဇာတ်လမ်း ဇာတ်ကွက်ဖြစ်ရပ်များသည် စာရေးသူ၏စိတ်ကူးယဥ်သပ်သပ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လ်ုစေခြင်းမရှိပါ။