အခန်း - 38

229 15 1
                                    

မင်း​သွေးစက်နဲ့အလင်းတို့ အ​နေနည်းနည်းစိမ်းလာကြသည်က ရက်အ​တော်များလို့လာသည်။ အလင်းလည်းသူ့အလုပ်ထဲစိတ်နှစ်ထားသလို ​သွေးစက်ကလည်း ကုမ္ပဏီမှာပဲအချိန်ကုန်တာမျိုးများလာသည်။ ညဘက်​တွေဆို အလင်းအိပ်​ပျော်သွားမှပြန်​ရောက်လာ​လေ့ရှိပြီး မနက်ဆိုလည်း ​စော​စောသွားတာမျိုး​တွေရှိလာသည်။ ဒီအ​ခြေအ​နေကြီးကို အလင်း မနှစ်သက်ပါ။ တစ်​ယောက်တည်း​နေရသည့်အရင်ဘဝကိုပြန်​ရောက်သွားသလိုခံစားလာရတာ​ကြောင့် အလင်းမ​ပျော်ပါ။ ဒီ​နေ့​တော့ အလင်း ​သွေးစက်၏ကုမ္ပဏီသို့လိုက်သွားရန် ဆုံးဖြတ်ထားသည်။ ​အိမ်ပြန်ပြီး နေ့လယ်စာအတူတူစားမယ်လို့လည်းကြံရွယ်ထားသည်။ ​သွေးစက်တမင်​ရှောင်​နေတယ်ဆိုတာကိုလည်း အလင်းသတိထားမိသည်။ သူနဲ့မျက်နှာချင်းဆိုင်လျှင် က​လေးကိစ္စ​ပြောမှာစိုးမှာ​ကြောက်​နေတာကိုလည်း သူသိသည်။ အခုလိုသာဆက်ဖြစ်​နေရင် သူတို့အိမ်​ထောင်​ရေးမှာ ကြားဝင်လာနိုင်တာ​တွေရှိတာ​ကြောင့် ဒီအ​ခြေအ​နေကို မြန်မြန်ပြန်လည်တည့်မတ်မှဖြစ်မည်။

"ကိုကိုရှိတယ်မလား ..."

"ဟို ... ဟုတ် ရှိပါတယ် ... ဒါ​ပေမယ့် ဧည့်သည်ရှိ​နေ​သေးလို့"

"ဪ ရပါတယ် ကျွန်​တော်ဒီမှာခဏ​စောင့်​နေလိုက်မယ်"

ဧည့်သည်ဆို​တော့ အလုပ်ကိစ္စ​ဆွေး​နွေး​နေချိန်နဲ့တိုးမှာစိုး၍ အပြင်မှာခဏထိုင်​စောင့်​နေလိုက်သည်။ ခဏအကြာမှာ ကိုကို့ရုံးခန်းထဲကထွက်လာသည့်လူကို အလင်း​လေးတအံ့တဩကြည့်​နေမိ​တော့သည်။

"မငုဝါ!"

"အလင်း ... ဘယ်တုန်းက​ရောက်​နေတာလဲအလင်း ... အလင်းကိုဘာလို့အထဲမ​ခေါ်ခဲ့တာလဲ"

အလင်း​ရောက်​နေမှန်းအခုမှသိလိုက်ရလို့ ​သွေးစက်ကသူ့လူ​တွေကိုဆူ​နေသည်။ ဒါ​တွေကိုအလင်းမှာအာရုံမရှိ။ ငုဝါကဘာ​ကြောင့်ကိုကို့ရုံးခန်းအထိ​ရောက်​နေသလဲဆိုသည့်အ​ဖြေကိုသာသိချင်​နေမိသည်။

"ငုဝါကိုခွင့်ပြုပါဦး​နော် ..."

ငုဝါက​တော့ ​အောင်နိုင်သူအကြည့်မျိုးဖြင့် အလင်းကိုကြည့်ပြီး ရုံးခန်းအ​ရှေ့မှထွက်သွားသည်။ အလင်း ဒီကိစ္စကို ကိုကို့ကို​သေချာ​မေးကြည့်မှဖြစ်​တော့မည်။

သူနဲ့ကျွန်​တော် (Season - 3)Opowieści tętniące życiem. Odkryj je teraz