အခန်း - 2

1.4K 115 26
                                    

အချိန်အားဖြင့် မနက်၉နာရီရှိပြီဖြစ်သည်။ ​ဆောင်းဦးဟန်တစ်​ယောက်အခုထက်ထိ​ကျောင်းသို့​ရောက်မလာ​သေးပါ။ ယ​နေ့ အတန်းတွင်းစာ​မေးပွဲ​လေး​ဖြေရမည်ကို ​ဆောင်းဦးဟန်​မေ့​နေ​လေသလား။ ​သော်​ဇေက​တော့ မ​​နေနိုင်မထိုင်နိုင်ဖြစ်​နေရသည်။ ​ဖြေရမယ့်ဘာသာရပ်ဆရာမကလည်းစည်းကမ်းအရမ်းတင်းကြပ်တာ ​ဆောင်းဦးဟန်မသိတာမဟုတ်။ ​ဆောင်းဦးဟန်နည်းတူ မ​ဟေသီဆိုသည့်မိန်းက​လေးလည်းအတန်းထဲ​ရောက်မလာ​သေးပါ။ ​သော်​ဇေ ​ဆောင်းဦးဟန်ဆီသို့ဖုန်း​တွေဆက်တိုက်​ခေါ်ပါ​သော်လည်း ​ဆောင်းဦးဟန်က​သော်​ဇေ့ဖုန်းကိုမကိုင်ပါ။ ​သော်​ဇေ ဖုန်းဆက်မရ၍ စာသာပို့လိုက်​တော့သည်။

*ဒီ​နေ့စာ​ဖြေရမယ်​လေကွာ ... မင်း​မေ့​နေတာလား ... မြန်မြန်လာ​တော့ ဆရာမ​ရောက်လာ​တော့မယ်ကွ*

​သော်​ဇေစာပို့ပြီးပါ​သော်လည်း ​ဆောင်းဦးဟန်ဆီမှစာပြန်မလာပါ။ စာအုပ်နဲ့​မေးခွန်းလွှာ​တွေ​ဝေပြီးသည်အထိ ​ဆောင်းဦးဟန်​ရောက်မလာ​သေးပါ။ ဘယ်​​နေရာမှာ ဘာများဖြစ်​နေ​လေသလဲလို့ ​သော်​ဇေအရမ်းစိုးရိမ်လာသည်။ ဆရာမလည်း​ရောက်မလာ​သေးသည့်အတူ​တော့ ​သော်​ဇေ ​​ကောက်ရိုးပုံထဲမှအပ်​ပျောက်ရှာသလို ​ဆောင်းဦးဟန်ကိုရှာမည်ဟု မျက်စိစုံမှိတ်ကာထွက်လာခဲ့လိုက်​လေ​တော့သည်။ ​သော်​ဇေ အ​ဆောင်အပြင်ဘက်သို့​ရောက်သည့်အခါ မြင်လိုက်ရသည့်မြင်ကွင်းက ရင်ဘတ်ထဲကိုစူး​အောင့်သွား​စေ​လေသည်။ မ​ဟေသီ၏လက်ကိုတွဲပြီး ​ပျော်ရွှင်​အေး​ဆေးစွာဝင်လာသည့်​ဆောင်းဦးဟန်။ ​ဆောင်းဦးဟန်​ပြော​တော့ မ​ဟေသီ့ကိုဖွင့်​ပြောဖို့ကူညီ​ပေးပါဆိုပြီး အခု​တော့ ​ဆောင်းဦးဟန်နဲ့မ​ဟေသီကချစ်သူ​တွေဖြစ်သွားကြပြီလား။ သူတို့နှစ်​ယောက်ကတွဲ​နေကြပြီလား။ ​သော်​ဇေ ရင်ဘတ်ထဲစို့ရင့်လာရပြီး ​ဆောင်းဦးဟန်သူ့ကိုမမြင်ခင် အတန်းထဲပြန်​ပြေးဝင်သွားလိုက်သည်။

"​င​ဇေ မင်းဖုန်း​တွေ​ခေါ်ထားတာငါမသိလိုက်ဘူးကွာ"

အတန်းထဲ​ရောက်​ရောက်ချင်း ​ဆောင်းဦးဟန်က​သော်​ဇေ့ကိုစကားဆိုလာသည်။ ​ဆောင်းဦးဟန်​ဘေးနားမှာမ​ဟေသီထိုင်​နေ​တော့ ​သော်​ဇေသိပ်​တော့စကားမ​ပြောချင်လှပါ။

သူနဲ့ကျွန်​တော် (Season - 3)Hikayelerin yaşadığı yer. Şimdi keşfedin