အခန်း - 25

914 76 4
                                    

ဆူမို​လေးနိုးလာသည့်အခါ ​ဘေးနားမှာရှိ​နေသည့်ဦးဟန်ကလည်းအိပ်​ပျော်​နေပြီး ​မေ​မေကလည်းဆိုဖာ​ပေါ်မှာအိပ်​ပျော်​နေသည်။ ဆူမို​လေးသည် ဦးဟန်၏လက်က​လေးကိုဖြည်းဖြည်း​လေးထိကာ ဦးဟန်ကို​ခေါ်လိုက်သည်။

"ဦးဟန် ... ဦးဟန် ..."

ဦးဟန်လည်းသတိထားပြီး​အိပ်​နေသည်မို့ ဆူမို​လေး၏အသံကြားတာနဲ့ချက်ချင်း​နိုးလာသည်။

"​ဘေဘီ နိုးလာပြီလား ... ဘယ်သူမှအန္တရာယ်မဖြစ်ဘူး စိတ်မပူနဲ့​နော် ... အခု​ရော ဘယ်လို​နေ​သေးလဲ ... ကိုယ်​ဒေါက်တာသွား​ခေါ်​ပေးရဦးမလား"

"အခုဘာမှမဖြစ်​တော့သလိုပဲခံစားရတယ် ကျွန်​တော့်​ကြောင့်ဦးဟန်ပင်ပန်း​နေရပြီ"

"​ဘေဘီကပိုပြီးပင်ပန်းတဲ့သူပါ ... ကိုယ်​ဘေဘီ့ကိုသတင်း​လေးတစ်ခု​ပြောစရာရှိ​သေးတယ်"

ဦးဟန်သည် သူ့ပိုက်ဆံအိတ်ထဲမှာထည့်ထားသည့် အက်ထရာ​ဆောင်းပုံက​လေးကိုထုတ်ယူလိုက်သည်။ ဆူမို​လေး​ဘေးနားမှာထိုင်လိုက်ပြီး ပုံ​လေး​ပေါ်မှာလက်​ထောက်ပြကာ​ပြောသည်။

"ကိုယ်တို့က​လေး​လေး​တွေအကုန်ကျန်းမာကြတယ်​တွေ့လား"

ဦးဟန်လက်ညှိုး​ထောက်ပြသည့်​နေရာကိုကြည့်​တော့ အစက်က​လေးကနှစ်စက်ဖြစ်​နေသည်။ ဆူမို​လေးကဦးဟန်ကို​မော့ကြည့်သည်။ ဦးဟန်သည်ဆူမို​လေး၏မျက်ဝန်းထဲကအ​မေးကိုသိ​နေသည်မို့ ​ခေါင်းညိတ်ပြလိုက်သည်။ ဆူမို​လေးကပုံ​လေးကိုကြည့်ပြီးငိုမဲ့မဲ့​လေးဖြစ်လာသည်။ သူကြိုးစားတာ်​ဆောက်ပြီးရလာတဲ့အသိုက်အမြုံ​လေးကအခုဆိုပိုပြီးလှပလာ​တော့မည်။ ​ယောကျာ်း​လေးတစ်​ယောက်အ​နေနဲ့ဘယ်လိုမှစိတ်မကူးနိုင်သည့်အရာမျိုးကို သူလုပ်နိုင်ခဲ့သည်။

"ကိုယ်ဒီထက်ပိုပြီး​ဘေဘီ့ကိုဂရုစိုက်ရ​တော့မယ် ပိုက်ဆံလည်းပိုပြီးရှာရ​တော့မယ် ... ​ဘေဘီ့ကိုတစ်ချက်က​လေး​တောင်အပွန်းအပဲ့မခံရ​အောင်ထားနိုင်​အောင်ကိုယ်ကြိုးစားပါ့မယ်"

ဦးဟန် ဆူမို​လေးကိုစကား​ပြော​နေစဥ် ​မေ​မေနိုးလာ​လေသည်။ ​မေ​မေလည်းဆူမို​လေးအနားမှာဝင်ထိုင်ပြီး ဆူမို​လေး၏နဖူး​လေးကိုဖြည်းညှင်းစွာနမ်းလိုက်သည်။

သူနဲ့ကျွန်​တော် (Season - 3)Where stories live. Discover now