အခန်း - 15

1.2K 106 24
                                    

"ငါဘယ်ရောက်နေတာလဲ"

သော်ဇေနောက်ဆုံးသတိရတာကတော့ သူတိုက်ခန်းထဲကနေထွက်လာသည့်အထိဖြစ်သည်။ သူ့ကို ဦးဟန်ကခေါ်ခိုင်းလိုက်သည်ဟုပြောပြီးလာခေါ်သည့်လူအချို့က သူ့ကိုအတင်းဖမ်းချုပ်လိုက်တာကိုလည်းသူမှတ်မိသည်။

"ဘယ်လိုလဲ သတိရလာပြီလား"

တည်ငြိမ်သည့်အသံတစ်သံသူ့နားထဲသို့ဝင်ရောက်လာသည်။ ဒီအသံကို သူရင်းရင်းနှီးနှီးကြားဖူးနေသည်။ သူဘယ်မှာဒီအသံကိုကြားဖူးခဲ့တာလဲ။

"သူ့မျက်လုံးကအဝတ်ကိုဖယ်ပေးလိုက်"

အဝတ်စကိုဖယ်လိုက်သည့်အခါ သူ့မျက်လုံးထဲသို့စူးရှစွာဝင်ရောက်လာသည့်အလင်းရောင်ကြောင့် သော်ဇေမျက်လုံးကိုချက်ချင်းမဖွင့်နိုင်သေးပါ။ ခဏလောက်မျက်လုံးမှိတ်ထားပြီးမှ မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။

"ဦးအောင်မင်းလတ်!"

သော်ဇေမျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည့်လူကြောင့် သော်ဇေလန့်သွားသည်။ ဦးဟန်နဲ့သူနဲ့တွဲနေတာကို ဦးအောင်မင်းလတ်သဘောမကျတာကြောင့်လုပ်တယ်ဆိုတာကိုလည်း သော်ဇေတစ်ခါတည်းတွေးလိုက်မိသည်။

"အကြောင်းအရင်းကိုမင်းသိတယ်မလား"

"ဟုတ်ကဲ့ သိပါတယ် ... ဒါပေမဲ့ ဒီလောက်အထိလုပ်ဖို့လိုလို့လား"

"ကျစ် ... မင်းကဟန်မင်းမြတ်အကြောင်းကိုကောင်းကောင်းမသိသေးဘူးထင်တယ်"

ဦးအောင်မင်းလတ်ကဆေးလိပ်ကိုမီးညှိလိုက်ပြီးဆက်ပြောသည်။

"ဒီနေရာကမင်းပိုင်ဆိုင်ရမယ့်နေရာမဟုတ်ဘူးဆိုတာ မင်းသိသင့်တယ် ... အန်ကယ့်သားဟန်မင်းမြတ်က ထက်မြက်တဲ့မိန်းကလေးနဲ့လက်ထပ်ပြီးပျော်ရွှင်တဲ့မိသားစုလေးတစ်ခုကိုတည်ထောင်ရမယ့်လူ ... မင်းလိုမိဘမဲ့တစ်ယောက်ကအန်ကယ့်သားဘေးနားမှာရှိနေစရာမလိုဘူး အဆင့်အတန်းချင်းမတူဘူးလေ ... ပြီးတော့ မင်းကယောကျ်ားလေး ... မင်းသိလား အန်ကယ်ကအခြောက်တွေဆိုအရမ်းရွံ့မုန်းတာ မင်းလိုလူတွေပေါ့"

"အန်ကယ့်ခံစားချက်ကို ကျွန်တော်နားလည်ပါတယ် ... ဒါပေမဲ့ ကျွန်တော့်ကိုလွှတ်ပေးပါ ... အခုလောက်ဆို ဦးဟန်အရမ်းစိတ်ပူပြီးရှာနေလောက်ပြီဗျာ့ ... ကျွန်တော့်ကြောင့်ဦးဟန်ကိုအပူတွေမပေးချင်လို့ပါ"

သူနဲ့ကျွန်​တော် (Season - 3)Donde viven las historias. Descúbrelo ahora