အခန်း - 6

1K 109 17
                                    

ဟန်မင်းမြတ်၊ ​သော်​ဇေတို့နှစ်ဦးစလုံး ဧည့်ခန်းထဲကဆိုဖာတွင်ထိုင်​နေကြသည်။ သူတို့နှစ်ဦး၏မျက်နှာချင်းဆိုင်တွင် ဟန်မင်းမြတ်၏မိခင် ​ဒေါ်သိင်္ဂီရဲထွန်းထိုင်​နေသည်။

"ငါတကယ်လန့်သွားတာဟန်မင်းမြတ်​ရေ ... ငါဇာတ်လမ်းထဲမှာပဲမြင်​ဖူးတာ အခုလိုအပြင်မှာမြင်လိုက်ရ​တော့အိုးမိုင်​ဂေါ့ကလွဲပြီးဘာမှထွက်မလာ​တော့ဘူး"

သူမက​ပြောပြီးချက်ချင်း​ရေ​အေး​အေး​လေးတစ်ခွက်ကို​အားရပါးရ​မော့​သောက်ပစ်လိုက်သည်။ သူမ ​သော်​ဇေ့ကို​သေချာ​လေးလိုက်ကြည့်​နေသည်။ ​ဒေါ်သိင်္ဂီရဲထွန်းသည် ကိုယ်ကျပ်ဂါဝန်အပြာ​ရောင်ကိုဝတ်ဆင်ထားပြီး နှုတ်ခမ်းနီပန်း​ရောင်နုနု​လေးဆိုးထားကာ ဆံပင်ကိုလည်းအလှဆံထုံးပုံစံ​လေးထုံးထားသည်။ သူမအ​ရှေ့က​ကောင်​လေးကအခုထက်ထိ​ခေါင်း​မော့မလာ​သေးပါ။ သူမသားချစ်တဲ့​ကောင်​လေးကို သူမ​သေချာကြည့်ချင်​သေးသည်။

"သား​လေး ​ခေါင်း​မော့ပါဦး ... အန်တီမျက်နှာ​လေးကြည့်ချင်လို့ပါ"

​သော်​ဇေ ဦးဟန်ရဲ့မိခင်ကိုကြည့်ရန် အနည်းငယ်​ကြောက်ရွံ့​​နေသည်။ သူ့လိုဆင်းရဲသားတစ်​ယောက်ကို အထက်တန်းလွှာတစ်​ယောက်ကလက်ခံနိုင်ပါ့မလားဆိုသည့်အ​တွေးကလည်းဝင်​နေသည်။

"က​လေး ​မေ​မေကဘာမှမလုပ်ပါဘူး ... ကိုယ်က​လေးကို​ပြောပြထားပြီးပြီ​လေ ဟုတ်တယ်မလား"

ဦးဟန်က​မေ​မေမကြား​အောင် ​သော်​ဇေ့နားကပ်ကာတိုးတိုး​လေး​ပြောလိုက်သည်။ ခဏ​နေ​တော့ ​သော်​ဇေ​ခေါင်း​မော့လာသည်။ ​ဒေါ်သိင်္ဂီရဲထွန်း ​ကောင်​လေးကို​သေချာစိုက်ကြည့်​နေသည်။ ဝင်းဝါ​နေသည့်အသားအ​ရေ ​တောက်ပလွန်းသည့်မျက်လုံး​လေး​တွေနဲ့တင်​ကောင်​လေးကသူ့ကိုဖမ်းစားသွားနိုင်သည်။ ဒီလိုအလှ​လေးကိုသူမသားချစ်ကြိုက်တာမဆန်းကြယ်လှပါ။

"ဘယ်​တော့ယူကြမှာလဲ ... ငါ့သားမက်က​လေးကိုကြွားချင်လှပြီ ... အန်တီ့သားရဲ့ဇနီး အဲ ခင်ပွန်း​လေးဆို​တော့ အန်တီ့သား​လေးပဲ​ပေါ့ ဟုတ်တယ်မလား"

သူနဲ့ကျွန်​တော် (Season - 3)Место, где живут истории. Откройте их для себя