နိုင်လင်းတစ်ယောက်အလုပ်စားပွဲလေးမှာထိုင်ပြီးတွေဝေနေသည်။ မနေ့ညကကားအတွက်ဘယ်လိုပိုက်ဆံရှာရမလဲဆိုတာစဥ်းစားနေသည်။
"ငါ့ကျောက်ကပ်ထုတ်ရောင်းလိုက်ရမလား ... အမေ့အကြွေးတွေလည်းကြေ ငါလည်းအလျော်ပေးနိုင်မယ်"
သူတွေးပြီးမှခေါင်းကိုခါရမ်းကာသူ့အတွေးတွေကိုထုတ်ပစ်လိုက်သည်။ သူဘယ်လိုလုပ်ရပါမလဲ။ ဒီလကုန်ရင်သူ့လစာကအကြွေးတွေအတွက်အတိုးပေးရတာနဲ့တင်ကုန်မှာဆိုတာကျိန်းသေသိေနေသည်။ ဒီငါးသိန်းကိုသူဘယ်ကနေရှာရမည်နည်း။
"ကျောက်ကပ်ထုတ်ရောင်းရင် ငါ့ဗိုက်ကိုခွဲရမှာ ... အမလေး ကြောက်စရာကြီး"
"အစ်ကိုနိုင်လင်းရေ ဒုဥက္ကဌနဲ့တွေ့ချင်လို့လာတာပါ ... အတွင်းရေးမှူးရုံးခန်းကိုဖုန်းဆက်ပါသေးတယ် မကိုင်ကြလို့"
"ခဏလေးနော် အစ်ကိုကြည့်ပေးမယ်"
နိုင်လင်းသည် ဟန်မင်းမြတ်၏အခန်းဆီသို့လျှောက်သွားပြီး အခန်းတံခါးကိုခေါက်ကာဆွဲဖွင့်မည်လုပ်တော့ အထဲမှထွက်လာသည့်လူကတံခါးကိုဆွဲဖွင့်လိုက်သည်ကြောင့် နိုင်းလင်းထိုလူ့အပေါ်သို့ပုံလျက်သားလေးလဲကျသွားသည်။
"နိုင်လင်ရေ ဘယ်လိုဖြစ်ရပြန်တာတုန်း"
ဝုန်းခနဲအသံကြားလိုက်သည်ကြောင့် ဟန်မင်းမြတ်လည်းနေရာမှထလာတော့သည်။ ဦးဟန်၏အစ်ကိုတစ်ဝမ်းကွဲဖြစ်သူ မင်းသွေးစက်၏အပေါ်တွင်ပုံလျက်သားလေးလဲကျနေသည့်နိုင်လင်းကိုတွေ့လိုက်ရသည်။
"အားရိုးရိုး ကျွန်တော့်ခါးဘာဖြစ်သွားလဲမသိဘူး"
"အဲ့တာငါအော်ရမှာမဟုတ်ဘူးလား မင်းကအပေါ်ကနေတဲ့လူလေ ငါကအောက်ကကွ ... မြန်မြန်ထ ငါတော်တော်လေးနေပြီ"
"အာ ဟုတ်ဟုတ် ... တကယ် ဆော ....."
နိုင်လင်းချက်ချင်းထပေးလိုက်ပြီး တောင်းပန်မယ်လုပ်တော့ မြင်လိုက်ရသည်လူကြောင့် စကားတွေပါပျောက်ရှကုန်ရပါတော့သည်။ မနေ့ညကကားချင်းပွတ်မိတဲ့လူဖြစ်နေလေသည်။
"ဟက် မင်းပဲလား ... မင်းကဒီမှာအလုပ်လုပ်နေတာပေါ့ ငါ့ညီရဲ့ဒရိုက်ဘာလုပ်နေတာလား"
YOU ARE READING
သူနဲ့ကျွန်တော် (Season - 3)
Romanceဤဇာတ်လမ်း ဇာတ်ကွက်ဖြစ်ရပ်များသည် စာရေးသူ၏စိတ်ကူးယဥ်သပ်သပ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လ်ုစေခြင်းမရှိပါ။