အခန်း - 36

413 50 2
                                    

ကြယ်က​လေး​တွေတလက်လက်နဲ့​အလှဆင်ထားသည့်​ကောင်းကင်ကြီးကို ​သော်​ဇေ​မော့ကြည့်​နေမိသည်။ ဒီလိုခမ်းခမ်းနားနားမင်္ဂလာ​ဆောင်ကို သူ့မိဘ​တွေများရှိခဲ့လျှင်ဘယ်​လောက်​တောင်ဝမ်းသာလိုက်ကြမလဲ။ ​မြေး​လေး​တွေကိုလည်းအရမ်းချစ်ကြရှာမှာလို့ သူ​တွေး​နေမိသည်။

"​ဘေဘီ ကိုယ်တို့​ရေကူးကြရ​အောင်"

ဦးဟန်သည် ​သော်​ဇေ့ကိုအ​နောက်ဘက်မှသိုင်းဖက်လိုက်ပြီး ပုခုံး​ပေါ်​မေး​တင်ထားလိုက်သည်။ သူ့ကိုသိုင်းဖက်ထားသည့်လက်အစုံကို ​သေချာ​လေးထပ်ကိုင်လိုက်ပြီး ဦးဟန်၏ရင်ခွင်ထဲမှာမှီ​နေလိုက်သည်။

"ခဏ​လေး ဒီလို​လေး​နေချင်​သေးတယ်"

"​ဘေဘီဆန္ဒရှိသ​လောက်​နေလို့ရပါတယ် ... ဒီ​နေ့​ပျော်ရဲ့လား"

"အင်း အရမ်း​ပျော်ပါတယ် ... ကျွန်​တော့်ကိုစိတ်ချမ်းသာ​အောင်ထား​ပေးလို့ပိုပြီး​ပျော်တယ်"

"​ဘေဘီ့ကိုလည်းကိုယ့်ဆီလာ​ပေးလို့ ကိုယ်​ကျေးဇူးအများကြီးတင်တယ်"

ဦးဟန်သည် ​သော်​ဇေ့၏​ခေါင်းလုံးလုံး​လေးကိုနမ်းရှိုက်လိုက်ပြီး နားထင်​လေးကိုလည်းဖိကပ်နမ်းလိုက်သည်။ ​သော်​ဇေကဦးဟန်ကို​မော့ကြည့်လာသည်။

"​ရေသွားကူးကြမယ်"

ဟိုတယ်အခန်းထဲမှာကိုပင် ​မှန်ခန်းများဖြင့်ကာရံထားသည့် ​ရေကူးကန်က​လေးပါသည်။ ​ရေကန်​လေးရှိသည့်အခန်းထဲသို့ဝင်လိုက်ပြီး အရင်ဆုံး​ရေငုပ်လိုက်ကြသည်။

"လန်း​ဆန်းသွားတာပဲ"

​သော်​ဇေသည်မျက်နှာ​ပေါ်က​ရေ​တွေကိုသပ်ချပစ်လိုက်ပြီး​ပြောသည်။ ဦးဟန်က​ရေကန်​ဘောင်ကိုမှီလိုက်ပြီး ​သော်​ဇေ့ကိုသူ့ရင်ခွင်ထဲသို့လာရင်​ခေါ်သည်။

"​ဘေဘီ ဒီကိုလာ"

​သော်​ဇေသည် ဦးဟန်၏ရင်ခွင်ကိုမှီလိုက်ပြီး ပြုံး​နေ​လေသည်။ ဦးဟန်က ​သော်​ဇေ့၏ပုခုံး​လေးကို နမ်းလိုက်ခွာလိုက်လုပ်​နေ​လေသည်။ ဦးဟန်၏လက်​တွေကလည်း ​သော်​ဇေ၏ခန္ဓာကိုယ်​ပေါ်တွင် လှုပ်ရှားသွားလာ​နေသည်။ တဖြည်းဖြည်းနဲ့​သော်​ဇေ့မျက်လုံး​လေး​တွေ ​မှေးစင်းလာသည်။ ​သော်​ဇေသားနဲ့သမီး​လေးကို​မွေးဖွားပြီးကတည်းက အတူမ​နေခဲ့သည်မှာ ယ​နေ့ထက်ထိပင်ဖြစ်သည်။ ​သော်​ဇေ၏ကျန်းမာ​ရေး​ကြောင့်တစ်​ကြောင်း ခွဲစိတ်ထားရသည့်ဒဏ်​ကြောင့်တစ်​ကြောင်းနဲ့ ဦးဟန် သူ့ဆန္ဒ​တွေကိုတစ်ခါမှမ​တောင်းဆိုခဲ့ပါ။

သူနဲ့ကျွန်​တော် (Season - 3)Where stories live. Discover now