"ဦးဟန် အစ်ကိုနိုင်တို့အဆင်ပြေကြမှာပါနော်"
"ပြေမှာပါ အစ်ကိုသွေးစက်ကလူတစ်ယောက်ကိုလွယ်လွယ်နဲ့အဆုံးရှုံးမခံတဲ့လူဆိုတာကိုယ်သိတယ် ... နိုင်လင်းကလည်းအစ်ကိုသွေးစက်ကိုချစ်နေတာပဲ နှစ်ယောက်စလုံးလမ်းခွဲဖို့ဆိုတာမဖြစ်နိုင်ဘူး"
ဦးဟန်ပြောသည်ကိုခေါင်းလေးတညိတ်ညိတ်နဲ့နားထောင်ပြီး သော်ဇေရယ်ကျဲကျဲလေးဖြစ်လာသည်။
"ဦးဟန် ကျွန်တော်တို့လည်းလမ်းခွဲကြမယ်"
ဦးဟန်ကားကိုရုတ်တရက်ဘရိတ်ဆောင့်အုပ်မိလိုက်သည်။ ဆူမိုလေးပြောသည့်စကားကဦးဟန်ကိုခေါင်းကြီးသွားစေသည်။
"ဘေဘီဘာပြောလိုက်တယ်"
"လမ်းခွဲမယ်လို့ လမ်းခွဲမယ်"
ဆူမိုလေးကရုပ်တည်ကြီးနဲ့ဦးဟန်ကိုကြည့်ကာပြောနေသည်။ ဒီတစ်ခါတော့ဦးဟန်တကယ်ငိုချင်လာပါသည်။ အခုတစ်ခေါက်ဖြစ်ပေါ်လာသည့်ဆူမိုလေး၏စိတ်အပြောင်းအလဲကအရမ်းကြောက်ဖို့ကောင်းသည်။
"ဘေဘီမနောက်ပါနဲ့ ကိုယ်တို့ကလေးတွေရဲ့အနာဂတ်ရှိသေးတယ်လေ ... ပြီးတော့ ဘေဘီကကိုယ့်အနာဂတ်လေးလေ ဘေဘီမရှိရင်ကိုယ်အနာဂတ်ပျောက်ပြီ"
"ခစ်ခစ် ဦးဟန်ကြီးလည်းစကားတတ်သားပဲ ... ကျွန်တော်ရှူးပေါက်ချင်နေပြီ ဒီနေရာမှာတင်လမ်းခွဲမှဖြစ်မယ်"
ဆူမိုလေးကအစအနောက်တော့တကယ်သန်သည်။ ဦးဟန်ရပ်လိုက်တာကလည်း Shopping Center တစ်ခုအရှေ့မှာဖြစ်နေသည်မို့ ဆူမိုလေးကားပေါ်မှပြေးဆင်းသွားပြီး Toilet သို့ပြေးပါတော့သည်။
"တကယ့်အနောက်ကလေး ကိုယ်ကားပါကင်သွားထိုးလိုက်မယ်နော်"
ဦးဟန်အော်ပြောလိုက်သည်ကို ဆူမိုလေးကအဝေးမှလှမ်း၍လက်နှစ်ချောင်းထောင်ပြလိုက်သည်။ ဦးဟန်ကားပါကင်ထိုးလိုက်ပြီး Center ထဲတွင် ဆူမိုလေးကိုစောင့်နေလိုက်သည်။
"ဟူး အခုမှပဲပေါ့သွားတော့တယ် ... ဦးဟန် ကျွန်တော်တို့ရုပ်ရှင်ကြည့်ကြရအောင်"
YOU ARE READING
သူနဲ့ကျွန်တော် (Season - 3)
Romanceဤဇာတ်လမ်း ဇာတ်ကွက်ဖြစ်ရပ်များသည် စာရေးသူ၏စိတ်ကူးယဥ်သပ်သပ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လ်ုစေခြင်းမရှိပါ။