ဦးဟန်၏အလုပ်ရှုပ်လှသည့်နေ့တစ်နေ့ဟုဆိုရမည်။ ဘာတွေနဲ့အလုပ်ရှုပ်နေပါသလဲလို့မေးရင် သူ၏ဆူမိုလေးအတွက်အလုပ်ရှုပ်နေရခြင်းပင်ဖြစ်သည်။
"မကြိုက်သေးဘူး ... ကျွန်တော်လိုချင်တာ အိပ်ခန်းငါးခန်းပါရမယ် ... ပြီးတော့ အောက်ဆုံးထပ်မှာmaster bedroomနှစ်ခန်းနဲ့ကျန်တဲ့အခန်းတွေကအပေါ်ထပ်ဆိုလည်းရတယ် ... နေရာကလည်းဆေးရုံနဲ့နီးရမယ် ... အခန်းထဲမှာပါကေးတွေခင်းထားတာပဲလိုချင်တယ် ကြွေပြားတွေကဆူမို့အတွက်အန္တရာယ်များတယ် ... ဒီအိမ်ကျွန်တော်လုံးဝမကြိုက်ပါဘူး"
အိမ်ခြံမြေအကျိုးဆောင်ဥက္ကဌလည်း ဦးဟန်နဲ့မှခေါင်းစားရပါတော့သည်။ အကျယ်အားဖြင့်လည်း ပေ120× 180ရှိရဦးမည်။ သူပြောထားသည့်အချက်အလက်တွေနဲ့လည်းပြည့်စုံရဦးမည်။ အလ္တေကြီးရှာရသည်မို့ ဆောက်ဖို့အချိန်မရှိသောကြောင့် အသင့်နေထိုင်ရန်အိမ်ကိုသာလိုက်ရှာရခြင်းဖြစ်သည်။
"အစ်ကိုဟန် ရှာတွေ့ပါပြီ"
တစ်မျိုးပြီးတစ်မျိုးရှာပြီးသည့်နောက်မှာတော့ ဦးဟန်လိုချင်သည့်အိမ်မျိုးကိုရှာတွေ့ပါတော့သည်။ အိမ်ဒီဇိုင်းကိုသေချာကြည့်ပြီး နေရာနဲ့အိမ်ကိုလည်းသူကိုယ်တိုင်သေချာသွားကြည့်ပါသေးသည်။
"ဆူမို့အတွက်ဒီဇိုင်နာရောရောက်ပြီလား"
"ဟုတ်ကဲ့ လာနေပါပြီတဲ့အစ်ကိုဟန်"
အိမ်ကိုကြည့်နေရင်း ဒီဇိုင်နာခေါ်ထားတာကိုသတိရလိုက်လို့ PAကိုလှမ်းလည်းမေးရသေးသည်။ ဒီဇိုင်နာကလည်းလာနေပြီမို့ ဦးဟန်လည်းအိမ်ကိုမြန်မြန်ကြည့်ရသည်။
"အဆင်ပြေတယ် ... ဈေးကရောဘယ်လောက်လဲ"
"သိန်း၄၅၀၀ပါ ... ညှိနှိုင်းလို့လည်းရပါသေးတယ်ခင်ဗျာ့"
"အခုစာချုပ်ချုပ်ချင်တယ် ... မနက်ဖြန်တက်မယ် အိမ်ဆေးပြန်သုတ်ဖို့ဆေးသမားတွေခေါ်ထားပြီးပြီလား"
"ဟုတ်ကဲ့ ခေါ်ထားပြီးပါပြီ"
"ဆေးကိုခဲရောင်အဖျော့ပြန်သုတ်မယ် ... အခန်းတိုင်းမှာအဲကွန်းတပ်လိုက် ပြီးရင်ပရိဘောဂတွေသွားဝယ်မယ်"
YOU ARE READING
သူနဲ့ကျွန်တော် (Season - 3)
Romanceဤဇာတ်လမ်း ဇာတ်ကွက်ဖြစ်ရပ်များသည် စာရေးသူ၏စိတ်ကူးယဥ်သပ်သပ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လ်ုစေခြင်းမရှိပါ။