အငိုတိတ်ပါတော့ကလေးရယ် မင်းလိုပဲငါကြေကွဲတယ် ဘဝတစ်ခုလုံးစာပုံပြီး မင်းချစ်ခဲ့တာ မတန်ဘူးကွယ် .....
ရှောင်ပုန်းကာထွက်ပြေးခဲ့ သစ္စာမဲ့သူကိုမလွမ်းနဲ့ နင်ငိုတာရပ်ပြီးပျော်အောင်အိပ်ဦးကွယ် .....
တီးတိုးရှိုက်ငိုသူလေးအား ချွေးသိပ်ချော့မြူပုံတေးသွား ငါ့ရဲ့အချစ်နဲ့မင်းကို နောက်ထပ်ငိုခွင့်မပြုပါ .....
မင်းလက်တွဲခေါ်ယူဖေးမ မှေးစက်နားခိုပါ ဘဝတစ်ခုစာ မငိုပါနဲ့ ကိုယ့်အချစ်နဲ့ကုစားတော့မှာ .....
ဟိုတယ်၏အခန်းတစ်ခန်းထဲတွင် မိတ်ကပ်artist, stylist, မိဘအသိုင်းအဝိုင်းများနဲ့ရှုပ်ယှက်ခက်နေလေသည်။ ယနေ့သည် မောင်သော်ဇေနဲ့ဦးဟန်မင်းမြတ်တို့၏ မင်္ဂလာနေ့လေးဖြစ်သည်။ Make up artist က ဦးဟန်ကိုအရင်ပြင်ဆင်မှုလုပ်ပေးနေသည်ကို Bathrobe အဖြူလေးဝတ်ထားသည့်သော်ဇေက ဘေးနားမှာထိုင်ခုံလေးနဲ့ထိုင်ပြီး တစိမ့်စိမ့်ထိုင်ကြည့်နေသည်။
"ဘေဘီ ကိုယ်ရှက်လာပြီနော်"
"ဘာကိုရှက်တာလဲ ဦးဟန်ရဲ့ချောမောမှုတွေကိုတစိမ့်စိမ့်ထိုင်ကြည့်နေတာ"
"ဘေဘီ့ရဲ့ယောကျာ်းပဲ ဒီလောက်တော့ရှိမှာပေါ့"
ဦးဟန်၏စကားအဆုံး သော်ဇေကတခစ်ခစ်နဲ့သဘောတကျရယ်လေသည်။ ပုံမှန်ဆို ဆံပင်ကိုဒီအတိုင်းချထားလေ့ရှိသည့်ဦးဟန်သည် အခုတော့ ဆံပင်ကိုအလယ်ခွဲလိုက်ပြီး အရမ်းမိမိုက်နေလေသည်။
"ကျွန်တော့်လူကြီးကချောလိုက်တာ"
"ဒါတောင်ကိုယ်အင်္ကျီမလဲရသေးဘူးနော် ကိုယ်အင်္ကျီလဲပြီးရင်ဘေဘီဘယ်လိုလုပ်မလဲ"
"မဖြစ်သေးဘူး ဒီလူကြီးကိုကလေးအဖေပါစာကပ်ပေးထားရမယ် ... တစ်ယောက်တောင်မဟုတ်ဘူး ကလေးနှစ်ယောက်အဖေလို့ရေးပေးထားရမယ်"
Make up artist က ပြင်ဆင်ပေးနေရင်း ဒီကောင်လေးနှစ်ယောက်၏စကားကြောင့်ရယ်မိသည်။ ဦးဟန်၏ဝတ်စုံက အမဲရောင် Suit ပေါ်မှာ ဘယ်ဘက်အခြမ်းတွင် TZ's ဆိုသည့်စာတန်းလေးထိုးထားသည်။ သော်ဇေ၏ဝတ်စုံလေးက အဖြူရောင်လေးဖြစ်ပြီး ဘယ်ဘက်အခြမ်းတွင် HMM's ဟုစာတန်းထိုးထားသည်။ သော်ဇေ့အတွက် flower crown လေးလုပ်ပေးထားသည်ကို ဆူမိုလေးကဦးဟန်အတွက်ပါ တိတ်တိတ်လေးခိုးမှာထားလေသည်။
YOU ARE READING
သူနဲ့ကျွန်တော် (Season - 3)
Romanceဤဇာတ်လမ်း ဇာတ်ကွက်ဖြစ်ရပ်များသည် စာရေးသူ၏စိတ်ကူးယဥ်သပ်သပ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လ်ုစေခြင်းမရှိပါ။