အခန်း - 22

797 79 9
                                    

"အလင်း​လေး အလင်း​လေး ... အလင်း​လေး ကိုယ်​ပြောတာနား​ထောင်ပါဦး"

အဝတ်အစားအိတ်ကြီးဆွဲပြီးထွက်လာသည့်နိုင်လင်း၏အ​နောက်သို့ မင်း​သွေးစက်​ပြေးလိုက်လာသည်။ နိုင်လင်း၏လက်က​လေးကိုလှမ်း​ဆွဲလိုက်သည်။

"ကျွန်​တော့်ကိုမထိနဲ့ ... ခင်ဗျားဆီကကျွန်​တော်အလုပ်ထွက်တယ်"

"ကိုယ်​ပြောတာအရင်နား​ထောင်ပါဦး"

"နားမ​ထောင်ချင်ဘူး ... ခင်ဗျားက​တော့အသုံးချလို့ရ​နေ​တော့​ပျော်​နေမှာ​ပေါ့ ကျွန်​တော်က​တော့အသုံးချခံလိုက်ရလို့​သေ​လောက်​အောင်နာကျင်ရတယ်"

"ကိုယ်မင်းကိုဘယ်တုန်းကမှအသုံးမချခဲ့ဖူးဘူး"

"ဒါဆိုအဖြည့်ခံ​ပေါ့ ... ခင်ဗျားရဲ့အရင်ချစ်သူကိုသတိရတိုင်း ကျွန်​တော့်ကိုအသုံးချ​နေတာ​ပေါ့ ... ​ပျော်လား အဲ့လိုလုပ်ရတာသိပ်​ကျေနပ်​နေလား"

နိုင်လင်းသည် ပစ္စည်းတစ်ခုကိုရှာ​ဖွေရင်း မင်း​သွေးစက်၏စားပွဲအံဆွဲထဲမှ ဓါတ်ပုံ​လေးတစ်ခုကိုသွား​တွေ့​လေသည်။ ဓါတ်ပုံထဲက​ကောင်​လေးသည် နိုင်လင်းနဲ့ရုပ်ချင်းအနည်းငယ်ဆင်​နေပြီး မင်း​သွေးစက်ကိုဖက်နမ်း​နေသည်။

"ဒါကဘယ်သူလဲ"

မင်း​သွေးစက်ဆီသို့ဓါတ်ပုံကိုယူသွားပြီး​မေးလိုက်သည်။ မင်း​သွေးစက်ကဓါတ်ပုံကိုချက်ချင်းဆွဲယူလိုက်ပြီး စားပွဲ​ပေါ်မှာ​မှောက်တင်ထားလိုက်သည်။

"သူနဲ့ကျွန်​တော်ကရုပ်ချင်းနည်းနည်းဆင်​နေသလိုပဲ သူကဘယ်သူလဲ ... ဧကန္တ ခင်ဗျားရဲ့အရင်ချစ်သူလား"

မင်း​​သွေးစက်ကဘာမှပြန်မ​ဖြေဘဲ ငြိမ်​​နေသည်။ အခုမှပဲ ဇာတ်လမ်းကိုနိုင်လင်းတဖြည်းဖြည်းသ​ဘော​ပေါက်လာရသည်။

"ဒါဆို ခင်ဗျားအနား​ခေါ်ထားတာသူ့​ကြောင့်​ပေါ့ ... ဟိုလူ့​ရှောင်ချင် ဒီလူ့​ရှောင်ချင်လို့ဆိုတာအ​ကြောင်းပြချက်သပ်သပ်ပဲ​ပေါ့ ... ခင်ဗျားကကျွန်​တော့်ကိုအသုံးချခဲ့တာ​ပေါ့ ခင်ဗျားချစ်သူ​နေရာမှာကျွန်​တော့်ကိုပိုက်ဆံနဲ့ပစ်​ပေါက်ပြီးအစားထိုးခဲ့တာ​ပေါ့"

သူနဲ့ကျွန်​တော် (Season - 3)Where stories live. Discover now