အခန်း - 21

829 73 41
                                    

"မ​ဟေသီ နင်လုပ်ရပ်ကဟုတ်​သေးရဲ့လား ... မိဘ​တွေကို ကိုယ်ဝန်မရှိတာကို ရှိတယ်လို့ညာတယ် ကွာရှင်းခိုင်းတာကိုလည်းအတင်းငြင်းဆန်တယ် ... နင်မိုက်လှချည်လား"

မ​ဟေသီ၏အ​မေသည် အိမ်သို့​ရောက်လာပြီး မ​ဟေသီ့ကို​ဒေါသထွက်စွာဖြင့်​ပြောဆို​နေမိသည်။ ထိုအချိန် ​ဆောင်းဦးဟန်အပြင်မှပြန်​ရောက်လာ​လေသည်။

"အ​မေ ကျွန်​တော်တို့ကွာမရှင်းနိုင်ပါဘူး"

မ​ဟေသီ့​ဘေးနားတွင်ဝင်ထိုင်လိုက်ပြီး မ​ဟေသီ့လက်က​လေးကိုဆုပ်ကိုင်ကာ​ပြောလိုက်သည်။

"မင်းလို ရူးသွပ်​နေတဲ့အ​ဖေက​မွေးထားတဲ့သားနဲ့ငါ့သမီးကိုဆက်မထားနိုင်ဘူး ... အစကတည်းကသ​​ဘောတူမိတာကိုကမှားတာ ငါမှားတာ ... အခုငါ့သမီးကိုပြန်​ခေါ်သွားမယ်"

"သမီးကိုယ်ဝန်မ​ဆောင်နိုင်ဘူးအ​မေ!"

မ​ဟေသီစိတ်ညစ်လွန်း၍ အ​မေစကား​ပြော​နေသည့်အချိန်ဖြတ်​ပြောလိုက်သည်။ မ​ဟေသီ မျက်ရည်စက်​ပေါင်းများစွာကျဆင်းရင်း ​ပြောလိုက်သည်။

"အ​မေသိလား သမီးကက​လေး​မွေးလို့မရဘူး ... သမီးစိတ်ညစ်ရတဲ့ကြားထဲ အ​မေတို့ကပါဘာဖြစ်​နေကြရတာလဲ ... သမီးကိုလက်ခံ​ပေးတာ ​ဆောင်းဦးဟန်တစ်​ယောက်ပဲရှိတယ်ဆိုတာ​ရောသိလား ... တစ်ခါတစ်​လေ လင်မယားစကားများတဲ့အချိန်သာအပြစ်​ပြောချင်​ပြောမယ် ​ကျန်တဲ့အချိန်​တော့သမီး​​ဘေးနားမှာအမြဲရှိ​နေ​ပေးတာအ​မေသိလား"

"အခု​ပြော​နေတာ​တွေကအမှန်​တွေပဲလား"

"သမီးဘယ်လိုခံစား​နေရလဲအ​မေသိလား အမြဲတမ်းအပြင်ထွက်​နေရတာ သွားလာ​နေတဲ့မိသားစု​လေး​တွေမြင်တိုင်းအတိုင်းမသိ​လောက်​အောင်နာကျင်ရတဲ့ခံစားချင်အ​​မေသိလား"

"သမီး ..."

"အခုအ​မေပြန်ပါ​တော့ ပြန်လိုက်ပါ​တော့ ... သမီးအရွယ်​ရောက်​နေပါပြီ သမီးကိုလွှတ်ထား​ပေးပါ​တော့"

"အ​မေ ကျွန်​တော်လိုက်ပို့​ပေးပါမယ်"

"ရတယ် ​နေ​နေ ... ငါ့ဘာသာငါပြန်မယ်"

သူနဲ့ကျွန်​တော် (Season - 3)Where stories live. Discover now