အခန်း - 7

1K 104 23
                                    

"ဘေဘီ ကိုယ်မနက်ဖြန်အလုပ်သွားမယ်နော် ... ကိုယ်ရုံးဆင်းချိန်ပြန်ရောက်နိုင်အောင်ကြိုးစားလုပ်ခဲ့မယ်နော်"

ဟန်မင်းမြတ်သည် သူ၏စာကြည့်ခန်းတံခါးဖွင့်သံကြားလို့ သော်ဇေဝင်လာသည်ဆိုတာကိုသိလိုက်သည်။ သို့သော် ခေါင်းမော့မကြည့်ဘဲစာရင်းစာရွက်တွေကိုသာငုံ့ကြည့်နေရင်းပြောလိုက်သည်။

"ဟုတ် ရပါတယ် ... ကျွန်တော်တစ်ယောက်တည်းနေရတာနေသားကျနေပါပြီ"

သော်ဇေ့အသံလေးကတမျိုးဖြစ်နေလို့ ဦးဟန်မော့ကြည့်လိုက်သည်။ ကောင်လေးကသူ့ရှပ်အင်္ကျီအပြာနုရောင်‌လေးကိုဝတ်ထားပြီးမျက်နှာလေးကလည်းနီရဲနေသည်။

"ဘေဘီ ..."

ဟန်မင်းမြတ်အံ့ဩမှင်သက်စွာဖြင့်ခေါ်မိသည်။ သူ့ကောင်လေးကသူ့အင်္ကျီကိုဝတ်ထားသည်ဆိုသည့်အသိနဲ့တင် သူ့ရင်ခုန်သံတွေဒုန်းဆိုင်းမြန်ဆန်လာသည်။

"ဟိုလေ ကျွန်တော်ရေချိုးပြီးဝတ်စရာမရှိလို့ ... အဲ့တာ ဦးဟန်အင်္ကျီကိုယူဝတ်လိုက်မိတယ် ဘောင်းဘီကကျွန်တော်နဲ့မတော်လို့ အဲ့တာ ..."

"လှလိုက်တာဘေဘီရယ် ဘေဘီဘယ်လောက်တောင်လှလဲဆိုတာဘေဘီသိလား ..."

"မနက်ဖြန်ဦးဟန်ရုံးသွားရင် ကျွန်တော်အိမ်ခဏပြန်မယ်နော် ... ကျွန်တော့်အဝတ်အစားလေးတွေယူချင်လို့"

"ကိုယ်ကလေးအိမ်နဲ့ပတ်သက်ပြီးပြောစရာရှိသေးတယ်"

ဦးဟန်မင်းမြတ်သည် သော်ဇေ့ကိုသူ့စာကြည့်စားပွဲဆီသို့ခေါ်သွားပြီး သူ့ပေါင်ပေါ်တွင်ထိုင်စေလိုက်သည်။

"ကလေးအိမ်ကိုပြန်အပ်လိုက်တော့လေနော် ... ကိုယ့်ဆီမှာပဲနေလိုက်တော့ ကိုယ်နဲ့တစ်ခန်းတည်းမနေချင်ရင် ကိုယ်ဘေဘီ့ကိုတစ်ခန်းသပ်သပ်ထားပေးမယ် ... အကယ်၍ဘေဘီကလက်ထပ်ပြီးမှအတူနေချင်တယ်ဆိုလည်းရပါတယ် ကိုယ်အတင်းတွန်းအားမပေးပါဘူး"

သော်ဇေကဘာမှပြန်မပြောဘဲငြိမ်နေသည်။ ဦးဟန်ကသူပြောလိုက်လို့ကောင်လေးစိတ်များဆိုးသွားလေသလားဟုစိုးရိမ်သွားသည်။

"ကိုယ်အရမ်းလောသွားတယ်ထင်တယ် ... ဆောရီး အခုလောလောဆယ်တော့ဘေဘီကျေနပ်လောက်တဲ့အထိ နေလို့ရတယ် ... ဘေဘီအိမ်ပြန်ချင်ရင်ကိုယ့်ကိုပြော ကိုယ်ပြန်ပို့ပေးမယ်"

သူနဲ့ကျွန်​တော် (Season - 3)Where stories live. Discover now