Rating 16 ဆိုတာကိုလည်း ကြိုတင်သတိပေးအပ်ပါတယ်။
---------------------------------------------------
နေ့လယ်တည်းက ညို့နေတဲ့ ကောင်းကင်ဟာတဖြည်းဖြည်းနဲ့ မှောင်ရိပ်သန်းလာတယ်။ အပေါ်ထပ်ဝရန်ဒါမှာ မေကြီးထုတ်
လှမ်းထားတဲ့ အဝတ်တွေက လေနဲ့
အတူ စတီးတန်းပေါ်မှာ တဖျပ်ဖျပ်လွင့်နေတယ်။
အပေါ်ထပ် ဧည့်ခန်းဆိုဖာ
ပေါ်မှာ ဝမ်းလျားမှောက်ရင်းအပျင်း
တစ်နေတဲ့ နေသစ်အတွက် အထက်
ပါ မြင်ကွင်းတွေက ပျင်းစရာပဲ။ Online Classတက်နေရတဲ့ ညီလေး
အနှောင့်အယှက်မဖြစ်ဖို့ အခန်းပြင်
ထွက်နေရတာကြာတော့ သူကိုယ်တိုင်ကလူပိုကြီးလိုခံစားလာရ
တယ်။ ဟိုရက်တွေက ခန့်ညီကတော့ပြောပါတယ်။ သူနဲ့အတူ
Englishစာ လိုက်တက်ပါလားဆိုပြီး
ပြောပေမဲ့ နေသစ်က
"IS Scoreပဲကောင်းလို့ ကျောင်းဝင်ခွင့်တောင်ရပြီးပြီပဲ။ ညီလေး ပဲတက်လိုက်ပါ။ နားမလည်တာရှိရင်
ငါ့ကိုမေးလေ" ဆိုပြီးပဲ ပြန်ကြွယ်ပေးလိုက်တယ်။ ဒါကိုလည်း သူ့
ထက် Scoreကောင်းခဲ့တဲ့ ခန့်ညီလေးက "အင်း အင်း" ဆိုပြီး လက်ခံတယ်။
အခုတော့ သင်ယူလေ့လာချင်စိတ်
အပြည့်ရှိတဲ့ အိမ်ထောင်ဖက်လေး
ကြောင့် သူ့မှာပျင်းနေရပြီ။တစ်ချက်သန်းဝေရင်း ဘေးကဖုန်းကိုကောက်ကိုင်လိုက်တယ်။ ခန့်ညီ သွားလာ
လှုပ်ရှားသမျှကို ကြုံရင်ကြုံသလိုရိုက်ယူထားခဲ့တဲ့ တစ်ပုံချင်းစီကို
ပြန်ကြည့်နေလိုက်တယ်။စာကြည့်နေတဲ့ ခန့်ညီ။ သူ့စကားကို
သေချာနားစိုက်ထောင်နေတဲ့ ခန့်ညီ။
သူရဲ့ဘေးကနေ ရုပ်ရှင်အတူတူလိုက်ကြည့်နေတဲ့ ခန့်ညီ။ ဝရန်ဒါမှာ
ကျောပေးရပ်နေတဲ့ ခန့်ညီ။ မျက်နှာ
သစ်ပြီးခါစ ခန့်ညီ။ တီရှပ်ကိုခေါင်း
ကစွပ်ချနေချိန်မို့ ကျောဖွေးဖွေးလေးပေါ်နေတဲ့ ခန့်ညီ။ ပက်လက်က
လေး အိပ်မောကျနေတဲ့ ခန့်ညီ...
အဲ့ကနေ ဆက်မတက်ဖြစ်တော့ဘူး။
သူတစ်ရေးနိုးထရိုက်ထားတဲ့ ပုံထဲမှာ ညီလေးက တကယ်ကို အပူအပင်ကင်းကင်းနဲ့ အိပ်ပျော်နေ
တာ။ ဆံပင်လေးတွေ ဖရိုဖရဲ ၊ လက်
လေးတစ်ဖက်က ရင်ဖက်ပေါ်မှာတင်ပြီး ခြေထောက်ရှည်ရှည်လေး
တစ်ဖက်က ကွေးကွေးလေးဖြစ်နေ
သေးတယ်။ JJ ဘောင်းဘီအနက်
လေးနဲ့မို့ ညမီးရောင်အောက်မှာတောင် ပေါင်လေးတွေက ဖွေးနေတာသိသိသာသာ။ အပြင်မှာလေ
ပိုကြမ်းလာတဲ့ လေတွေက သူ့ရင်ထဲကလှိုင်းတွေကိုပါ ပုတ်ခတ်ထိလာ
သလိုပဲ။
